Bonus Episode💙

14.6K 574 40
                                    

{Unicode}

2 Years Later.........

နို့နှစ်ရောင် ဂါဝန်အလွင့်လေးလေးနဲ့ နက်မှောင်နေတဲ့ ဆံပင်ရှည်လေးတွေက လေအဝေ့ မှာ လွင့်လို့နေသည်။

လက်ထဲက နှင်းဆီပန်းစည်း အဖြူလေးကို ကိုင်ရင်း ကိုယ်လုံးပေါ် မှန်ရှေ့မှာ ကိုယ့်ကိုယ်ကို ကြည့်ပြီး သဘောကျနေတဲ့ Jennie Manoban ။

ခဏနေတော့ အခန်းတံခါးဖွင့်ပြီး Lisa တစ်ယောက် သူ့ကိုသေချာကြည့်ပြီးမှ

" အာ့ အခန်းမှားသွားတာပဲ ဆောရီးနော်"

" Yarr....Lalisa"

" ဟာ......ကိုယ့်ရဲ့ မိန်းမလေးပဲ။ အရမ်းတွေလှနေတော့ လူတောင်မှားသွားတယ်....ဟိ"

ပြောင်စပ်စပ်မျက်နှာပေးနဲ့ ဝင်လာပြီး မှန်ရှေ့မှာ ရပ်နေတဲ့ သူ့ရဲ့ ခါးလေးကို အနောက်ကနေ ဖက်ထားရင်း ပုခုံးလေးပေါ် မေးလေး တင်ထားသည်။

မှန်ထဲက သူတို့နှစ်ယောက် ရဲ့ ပုံရိပ်ကို ကြည့်ပြီး နှစ်ယောက်သား မျက်နှာတွေက ကြည်နူးမှုတွေ ယှက်သမ်းလို့နေသည်။

"LiLi''

" အင်း "

"Jen လှသေးလား"

" ငါ့မိန်းမလေးက လှတာထက်ကို ပိုပါတယ်"

Lisa ရဲ့အဖြေက Jennie ရဲ့ မျက်နှာကိုအပြုံးတွေနဲ့ ထပ်ပြီး လှပစေလိုက်သည်။

" ဒီလိုလေး ပြုံးနေရင် ပိုလှတယ်"

Lisa ပြောပြီးတော့ Jennie ရဲ့ ပါးလေးကို ရွှတ်ခနဲ နေအောင် နမ်းလိုက်သည်။

" အဟမ်း....အဟမ်း"

အနောက်က ချောင်းဟန့်သံ ကြားတော့မှ လှည့်ကြည့်တော့ Somi ကို သူတို့ကို ကြည့်မရတဲ့ ပုံနဲ့ ကြည့်ရင်း

" Ro တာတွေ ခဏရပ်ပြီး ခန်းမထဲ လာဖို့လုပ်တော့ ဧည့်သည်တွေ စုံနေပြီ"

"Aww..... အင်း အင်း လာခဲ့မယ်"

" ကဲ LiLi လက်ကိုတွဲထား Jen"

Lisa ရဲ့ လက်မောင်းလေးကို တွယ်ချိတ် ထားပြီး ခန်းမထဲကို တလှမ်းချင်းလျှောက်လို့လာခဲ့သည်။

ကော်ဇော်နီ ထက်မှာ နို့နှစ်ရောင် ဂါဝန်ဝဲဝဲလေးကို ဝတ်ဆင်ထားတဲ့ သူတို့နှစ်ယောက်ရဲ့ အပြုံးလေးတွေက လတ်ဆတ်လို့နေသည် ။

Perpetual LoveWhere stories live. Discover now