Unicode
လေးလံနေတဲ့ မျက်ခွံတွေကို မရမကဖြဲရင်း လျှောက်လာနေမိတာကြောင့် ဘေးကလူတွေလဲ သေချာသတိမထားမိ၊ မတိုက်မိရုံတမယ် ရှောင်ဖယ်ကာ ရှေ့တည့်တည့်သာ ဦးတည်လာခဲ့သည်။
ရောင်စုံထီးလေးတွေနဲ့ မဆိုသလောက်မိုးကို ကာကွယ်နေကြတဲ့ ကျောင်းသူတွေကြားမှာ ဘာခေါင်းဆောင်းမှမပါပဲ စိတ်လွတ်ကိုယ်လွတ် သွားနေတဲ့ ကိုယ့်ကိုလဲ ဘယ်သူမှ အာရုံမစိုက်ကြ၊ သူတို့အတွက်က ဒီလိုမြင်ကွင်းမျိုးကို ရိုးနေပြီထင်။
ကိုယ်ကလဲ ဘာဂရုစိုက်စရာလိုလဲ
မိုးရွာရင် ဒီလောက်ပျော်ဖို့ကောင်းတဲ့ဟာ..
မြေသင်းနံ့လေးတွေမွှေးမယ် နေလည်းမပူတော့ပဲ အေးစိမ့်စိမ့်နဲ့ အရမ်းအိပ်လို့ကောင်းတာမျိုး...
ဟိုဟိုဒီဒီက ထွက်လာတတ်တဲ့ ရွံစရာ တီကောင်တွေကတော့ ချွင်းချက်၊ ထားပါ..
ထီးဝယ်ပြီး ဆောင်းမယ့်အစား နည်းနည်းလောက်အစိုခံလိုက်တော့ရော..သေသွားမှာမှမဟုတ်တာ...
အခန်းထဲရောက်ရင်တော့ သေချာပေါက်အိပ်မည်ဆိုသည့်အတွေးတွေနှင့် ပုံမှန်ခြေလှမ်းတွေနှင့်သာ A_3 ဆိုသည့်အခန်းဆီ ဦးတည်ခဲ့လေသည်။
#A3
"Yaa daebaek ပဲ..နင့်ဖိနပ်က နောက်ဆုံးထွက်တဲ့ တံဆိပ်မလား?"
"ဒီနေ့ နင့်နှုတ်ခမ်းနီအရောင် အရမ်းလှတယ် မသိသာပေမယ့် ဆွဲဆောင်မှုရှိတာမျိုး.."
"ဟျောင့် မင်းအဖေအသစ်လဲထားတဲ့ကား ရေလည်လန်းတယ်ကွာ..."
မကြားချင်မှအဆုံး ရေပေါ်ဆီစကားတွေက နားထဲကိုးလိုးကန့်လန့်ဝင်လာပေမယ့် ရိုးအီလှပြီ။ ကိုယ်ဝင်လာတာနဲ့ မဆိုသလောက် တိတ်သွားတဲ့အသံတွေဆီက နှာခေါင်းရှုံ့သံတချို့က သိသိသာသာ ထွက်လာလေရဲ့။ သို့သော် ကိုယ့်မျက်လုံးထဲ မြင်သည်က နောက်ဆုံးတန်းပြတင်းပေါက်ဘေးက ကိုယ့်ခုံဆီသို့သာ...
"အဲ့ အရူးမ မျက်နှာမြင်ရတာ စောစောစီးစီး ကျက်သရေကို မရှိဘူးဟယ်.."
"အေးလေ..စိတ်ရောဂါဆေးရုံမသွားဘဲ ကျောင်းလာတက်နေတယ် အံ့သြဘ..!"
YOU ARE READING
I.N.S.A.N.E [ completed ]
FanfictionIf u like to be alone or love someone in pain, just enjoy it!!! 💙