5

3.7K 468 41
                                    

ကိုယ် တိမ်တွေကို ချစ်တယ်

တွယ်ရာမဲ့ပြီး လွတ်လပ်ပေါ့ပါးတယ်

ဦးတည်ချက်မရှိ လေနှင်ရာကို မျှောပါနေလို့ရတယ်

ဘယ်နေရာ ဘယ်အချိန်မှာ လွင့်ပါးပြီး ပျောက်ကွယ်သွားမှာလဲ ကြိုတွေးလို့မရပေမယ့်လည်း...တချိန်လုံး ဟိုးးအမြင့်မှာ ဝဲပျံခွင့်ရကြတယ်

မနာအလိုဆုံးကတော့  ကိုယ့်ထက်စာရင် ကောင်းကင်ကြီးနဲ့ပိုနီးနေတဲ့အချက်ပဲ...

ဒါဟာ ရူးကြောင်ကြောင်အတွေးရယ်လို့ ကိုယ်သိပေမယ့် ကိုယ့်အတွေးထဲမှာတော့ ကောင်းကင်ကြီးနဲ့တိမ်တွေက သိပ်ချစ်ကြတဲ့ ချစ်သူတွေလို့ ကိုယ်ထင်တယ်...

အဲ့တာကြောင့် ကိုယ်သေရင် တိမ်ဖြူဖြူလေး ဖြစ်ဖို့ ဆုတောင်းတယ်

ဘာလို့လဲ...?

ထပ်ပြီး ရူးကြောင်တဲ့ အတွေးတခုထပ်ပြောပြရမလား..

အဟက်...ရှက်လိုက်တာ!

ကိုယ်ဟာ  jeon jungkook ကို ကိုယ့်ရဲ့ကောင်းကင်ကြီးလို့ သတ်မှတ်ပြီး သူ့ကိုလွမ်းတိုင်း အပြာရောင် ကောင်းကင်ကြီးကို စကားတွေထိုင်ပြောနေမိလို့ပဲ....

~~~~

"ကဲ....နာရီဝက်အတွင်း ပြီးအောင်ဖြေရမယ်နော်
ဒီတစ်ခေါက် ရူပဗေဒ ဘာသာကို အမှတ်ပြည့်ရတဲ့သူကို sam ဆုချမယ်"

"အာ...sam ကလဲ အောင်ဖို့တောင်မသေချာတဲ့ဟာကို.."

"အေးလေ...sam က သိရက်နဲ့"

"ဟဲ့ ဒါနာရီဝက်စာ quiz လေးတွေပဲ ဘာစာအရှည်ကြီးမှ ဖြေစရာမလိုဘူး ! စောစောပြီးရင် စောစောအတန်းဆင်းရမယ် မြန်မြန်ဖြေ ၊ ချက်ချင်းစစ်မယ်!!!"

Samရဲ့ ငေါက်သံအဆုံးမှာ ပွစိပွစိ စကားသံတွေလည်း ငြိမ်ကျသွားသည်။ ပြတင်းပေါက်ကနေ အပြင်ကိုငေးနေမိတဲ့ ကိုယ်လည်း မေးခွန်းစာရွက်ရှည်လေးဆီ အာရုံပြန်စိုက်လိုက်၏ ။

Multiple Choice Question type မို့ အဖြေစာရွက်ဖို့ အကွက်ကလေးတွေချပေးထားပြီး တဖက်မေးခွန်းက တစ်ပုဒ်ကို ဉာဏ်စမ်းစာကြောင်းလေးတွေ ၅ကြောင်းစီပါတဲ့ အပုဒ် ၂၀ ရိုက်နှိပ်ထားသည်။  ဒါဆို အမှတ်၁၀၀ဖိုးပေါ့။

I.N.S.A.N.E [ completed ]Donde viven las historias. Descúbrelo ahora