"အင်း...graduation ceremony ကိုပြောတာ
Mom မှီလောက်လား?"ကျောင်းဆောင်တွေဖက်ကနေ လျှောက်လာခဲ့ရင်း ဘတ်စကတ်ကွင်းအကျော် သစ်ပင်ရိပ်တခုအောက်က အုတ်ခုံတန်းလေးပေါ် ကိုယ်ဝင်ထိုင်လိုက်တယ်။ စာမေးပွဲရာသီမို့ ကွင်းထဲမှာတော့ သန့်ရှင်းရေးဦးလေးကြီးကလွဲလို့ ခြောက်ကပ်စွာရှိနေလေ၏~
"ပြီးတော့...ပြောစရာရှိတယ် Mom..."
ဟိုးဖက် လမ်းချိုးလေးကနေ ကွေ့ဝင်လာသည်က ကျောပိုးအိတ်ကြိုးနှစ်ဖက်ကို ဆုပ်ကိုင်ရင်း ပြုံးရီနေတဲ့ မျက်နှာလေးတစ်ခု~
ဖုန်းခွက်ထဲက "ပြောလေ မေဘယ်လ်" ဆိုတဲ့ momအသံရဲ့ တည်ငြိမ်အေးချမ်းနေမှုကိုမဖျက်ဆီးချင်တာက တမျိုး...ကိုယ့်အရှေ့ကိုလျှောက်လာနေတဲ့ လူသားကို မသိစေချင်တာက တမျိုးကြောင့် နှုတ်ခမ်းကိုတင်းတင်းစေ့ပစ်လိုက်သည်။
"နောက်မှပြောတော့မယ် mom! See ya!"
ဖုန်းကို အင်္ကျီအိတ်ထောင်ထဲထိုးထည့်ပြီး ပြုံးပြမိတော့ ချက်ချင်းဘေးနားလာထိုင်တဲ့ fresh lemonအနံ့သင်းသင်းလေးက နှာဖျားလာရစ်သိုင်းသည်။
"ဖြေနိုင်လား?"
"အင်း နင်ရော?"
"မဆိုးပါဘူး"
တိုးတိမ်နေတဲ့ ကိုယ့်လေသံအဆုံးမှာ နဖူးပေါ်ဘတ်ကနဲရောက်လာတာက သူ့လက်ဖဝါးပြင်ဖြစ်သည်။ အလန့်တကြားမို့ ကိုယ်တောင် မျက်လုံးတွေမှိတ်ချပစ်လိုက်မိတယ်~
"ဘာလုပ်တာလဲ ဂျုံးကု?"
"နင်မနေ့က ဆေးရုံသွားတယ်ဆို? နင့်ကိုဖုန်းဆက်တာမကိုင်လို့ ယွန်းဂျီယာကိုမေးလိုက်တာ!
ဘာလို့မပြောတာလဲ ငါ့ကို? ဘယ်နားက နေမကောင်းဖြစ်နေတာလဲ?"လူမိသွားတဲ့ သူခိုးလို ကိုယ်ခေါင်းနပန်းတောင်ကြီးသွားတော့တယ်။ ကျစ်! ကိုယ်ကလဲ ဂျီယာ့ကို အိမ်လာပြီးစာကျက်ချိန် မတွေ့မှာစိုးလို့ ဆေးရုံသွားတဲ့အကြောင်း ပြောပြမိလိုက်တာ...
"ဘာမှမဖြစ်ပါဘူး...စာမေးပွဲဖြေနေတော့ လူက နည်းနည်းဖျားချင်သလိုဖြစ်ရုံပါ"
"သေချာလား?"
"အင်း...သေချာတာပေါ့! ငါက..လိမ်စရာလား အဟင်း"
YOU ARE READING
I.N.S.A.N.E [ completed ]
FanfictionIf u like to be alone or love someone in pain, just enjoy it!!! 💙