"စတာ...ပြန်တော့!"
''ခုနက ဘာပြောတာလဲ''
----
အလွမ်းပြေ xD
Uni
"စတာ...ပြန်တော့!"
သူ့မျက်လုံးတွေထဲမှာ စိတ်ရှုပ်ခြင်းများစွာနဲ့ မေးခွန်းတွေ တသီတတန်း။
ကိုယ်မဖြေချင်ဘူး။ မမေးပါနဲ့ ကျေးဇူးပြုပြီး ဂျုံးကု....
''ခုနက ဘာပြောတာလဲ''
''မိုးရွာတော့မယ် ပြန်တော့လို့''
တုန်ရီအဖျားခတ်သွားတဲ့ကိုယ့်သံကိုယ် ကြိမ်ဆဲမိလိုက်ရင်း ကိုယ် ခေါင်းကိုငုံ့ချပစ်လိုက်တယ်။
သူ့အသံရှူသံ ပြင်းပြင်းက ကိုယ့်ဆံပင်ဖျားတွေထိ လာရိုက်တယ်။
မလိုချင်တော့ဘူး။ နောက်ဆုံးလို့ တွေးမိတာမို့လို့ မလိုချင်တော့ဘူး ဂျုံးကု ။ မသိချင်ယောင်ဆောင်ပေးလို့ရမလား။
ဆုတောင်းတွေမပြည့်စွာပဲ သူ လက်ဖဝါးနုတွေက ကိုယ့်မျက်နှာကို ဆွဲမတယ်။ ကိုယ် ထင်ထားသလိုပါပဲ သူပျော်နေတယ်။ စောစောကထိ မှုန်သုန်နေခဲ့တဲ့ မျက်နှာနွမ်းနွမ်းလေးမှာ အပြုံးစစက ခိုသီးနေပြီ။
တောင်းပန်ပါတယ်။ အဲ့ထက်ပိုပြီးလည်း ကိုယ့်ရင်ထဲက တင်းကျပ်မှုတွေကို ဘာစကားနဲ့ဖော်ပြရမှန်းမသိတော့ဘူး။
'' ကိုယ် မင်းကို နမ်းရမှာလား? ဟင် ?''
ဒီလိုအချိန်မှာတောင် ရဲတက်လာတဲ့ ကိုယ့်မျက်နှာရဲ့အပူရှိန်ကို ခံစားလိုက်ရတာက အောင့်သက်သက်နိုင်ပေမယ့်
ပြုံးနေတဲ့ သူ့မျက်လုံးတွေကို စိုက်ကြည့်နေမိတာလည်း ကိုယ်ပါပဲ။''ဂျုံးကု... ငါ_ ''
စကားတောင်မဆုံးပါဘဲ နီးကပ်လာတဲ့ သူ့မျက်နှာနုနုကြောင့် ကိုယ် မျက်လုံးတွေမှိတ်ချပစ်လိုက်တယ်။
အနူးညံ့ဆုံး လာထိတွေ့တဲ့ နှုတ်ခမ်းပါးတစ်စုံကြောင့် သူ့
ူ့အင်္ကျ ီစကို အလန့်တကြား ကိုယ်ဆုပ်ကိုင်ပြီးသား။သူပြုံးတယ်။ ပိုတိုးပြီး ဖိကပ်လိုက်တဲ့ အနေအထားမှာ သူ့လက်တစ်ဖက်က ကိုယ့်ခေါင်းကို အနောက်က ပြောင်းထိန်းလိုက်ရင်း ခါးပေါ်ကို တဖက်က ရွေ့ပစ်လိုက်တယ်။
ဖွဖွလေး ပြန်ခွာပေးပြီးမှ နောက်တစ်ကြိမ်ပြန်ထိကပ်လာတဲ့အခါ ကိုယ်ရုန်းဖို့မကြိုးစားတော့ပဲ သူ့ပေါင်ပေါ်ပြောင်းထိုင်ရင်း သူ့လည်တိုင်ပေါ် လက်တွေ သိုင်းဖက်လိုက်တော့တယ်။
----
အလွမ်းပြေ xD
Spoiler' မသေခိုင်းပါဘူး မေတ္တာလေးလျော့ပို့ကြပါလို့😑
YOU ARE READING
I.N.S.A.N.E [ completed ]
FanfictionIf u like to be alone or love someone in pain, just enjoy it!!! 💙