"Ajima ဒါဆို ဒီနေရာတွေအကုန်လုံးက ဆောက်လုပ်ရေးဧရိယာထဲ ပါသွားမယ်လို့ပြောတာလား?"
"အေး...အာမခံကုမ္ပဏီကလည်း ဒီလူမနေတဲ့အိမ်တွေအကုန် ရောင်းပစ်လိုက်တာပါပဲအေ"
"အာ..nae"
အရင်က ဘူဆန်မှာ ကိုယ်တို့နေခဲ့ဖူးတဲ့ အိမ်လေးရှေ့ရောက်နေခြင်းဖြစ်သည်။ ဖေဖေဆုံးပြီးနောက် အကုန်အသိမ်းခံလိုက်ရတဲ့အချိန် အာမခံကုမ္ပဏိဆီရောက်သွားသည်တော့ ကြားသည်။ ဖြစ်နိုင်ရင် ဒီအိမ်လေးကို ဖျက်ပစ်မယ့်အထဲတော့ မပါစေချင် ၊ ပြန်ဝယ်ရအောင်လည်း ကိုယ်က မတတ်နိုင်...
"ကလေးမလေး...လာ ဆန်မုန့်လာစားလှည့် !"
"Nae? Nae..."
သော့ခတ်ထားတဲ့ အိမ်တံခါးဝကို ကိုယ် တချက်ကြည့်မိသည်။ နှစ်နှစ်ဆိုတဲ့အချိန်အတွင်းမှာ သိပ်ပြောင်းလဲသွားတယ်ရယ်လို့တော့မရှိ...အိမ်ရှေ့က ကိုယ်စိုက်ထားတဲ့ အပင်ပုလေးတွေတော့မရှိတော့ချေ။
ဘာပဲပြောပြော နောက်နှစ်တွေဆိုရင်တော့ ဒီနေရာလေးမှာ တခြားအဆင့်မြင့်တိုက်ခန်းတွေရောက်နေလောက်ပြီပေါ့...ပြန်ဆုံဖို့အကြောင်းမရှိတော့တဲ့ အိမ်လေးကို နောက်ဆုံးအနေနဲ့ ကိုယ်စိတ်ထဲက နှုတ်ဆက်လိုက်သည်။ ဒါပါပဲ...ကိုယ် ပြန်မလာတော့ဘူး...
~
"စား..များများစား! ညည်းကြည့်ရတာ ပိန်လိုက်တာ"
အာပေါင်အာရင်းသန်သန်နဲ့ အရင်က အိမ်ဘေးမှအဒေါ်က ဆန်မုန့်ရောင်စုံလေးတွေ ကိုယ့်ရှေ့တိုးပေးလာသည်။ ပန်းကန်ထဲမှာ ဆန်မုန့်လုံးလေးတွေက ဖြူဥဥလေးတွေရှိသည် ၊ အဝါလည်းရှိသည် ၊ အစိမ်းလည်းရှိသည်၊ အို.. ပန်းနုရောင်လေးပင်ရှိသည်။ ထိုထဲကမှ ကိုယ် ဖြူဥဥလေးကို ကောက်ဝါးလိုက်သည်။
"ကောင်းလား?"
"Nae.."
အဒေါ်ကြီးက ဂရုဏာသက်လွန်းနေသလားမသိ ၊ နွားနို့တခွက်ပါ ချပေးလာသည်။
"ညည်းတို့သားအဖ ရှိတုန်းကလည်း နှစ်သစ်ကူးပွဲတော်ဆိုရင် ငါပဲဆန်မုန့်လာကျွေးရတာ အခုတော့ ငါ့ဆန်မုန့်တွေ ဂရုတစိုက်စားပေးကြမယ့်လူမရှိတော့ဘူး"
YOU ARE READING
I.N.S.A.N.E [ completed ]
FanfictionIf u like to be alone or love someone in pain, just enjoy it!!! 💙