မိုးဖွဲဖွဲကျနေသော အပြင်လောကကြီးက မှုန်မှိုင်းနေသဖြင့် ကျောင်းသူကျောင်းသားတွေလည်း အရင်လိုဆူညံနေကြခြင်းမရှိ၊ ငြိမ်သက်လျက်ရှိကြသည်။
သူနေရာနှင့်သူ ၊ သူ့အဖွဲ့နှင့်သူစကားပြောနေကြသူများထဲတွင် ထုံးစံအတိုင်း နောက်ဆုံးတန်းဆီက မေဘယ်လ်တစ်ယောက်တော့မပါ...
ကိုယ်နဲ့တူတူ ထိုင်ချင်သူလည်း မရှိသည်မို့ အဖတ်လုပ် စကားပြောမယ့်သူလည်းမရှိပေ..၊ ဒါလည်းတမျိုးကောင်းသည် စိတ်မပါသည့်အပေါ်ယံ အရေမရအဖတ်မရတွေ ပြောစရာမလိုတော့ဘူးပေါ့..
ရေစိုထားသော ကျောင်းဝတ်စုံအစား အားကစားဝတ်စုံနှင့်မို့ခပ်နွေးနွေးရှိသည်။
အတန်းထဲမှာ ကိုယ့်လိုအားကစားဝတ်စုံလဲထားသော တခြားကျောင်းသူတွေလည်း တွေ့သည်။ မိုးမပြတ်သည့်နေ့ဆိုလျှင် အနည်းနဲ့အများ မိုးမိတတ်ကြသည်ပင်..။
"ကဲ..ကဲ...ကိုယ့်နေရာကိုယ်ထိုင်ကြမယ်!"
ဆရာဝင်ရမယ့်အချိန်ဖြစ်သော်ငြား အတန်းရှေ့ဝင်ရောက်လာသည်က လက်ခုပ်ကိုအဆက်မပြတ်တီးရင်း လောဆော်လာသည့် ကင်ယူဂွန်း။
ဆူဆူညံညံအသံတွေကြောင့် အပြင်ကမိုးကိုငေးနေရာမှ ကိုယ်အာရုံတွေကို အတန်းရှေ့ပို့လိုက်တော့...
ယူဂွန်းဘေးက ဖြတ်ပြီး အတန်းထဲဝင်လာသည့်ဂျုံးကုက ကိုယ့်ဆီအကြည့်ရောက်လာသည်။
ကိုယ်သူ့ကိုကြည့်နေမှန်းမြင်သည်နှင့် ချက်ချင်း လွှဲသွားသည့် မျက်ဝန်းတွေက မသိရင် မျက်စောင်းထိုးလိုက်သည့်အလား..ကိုယ် နည်းနည်းရီချင်သွားပေမယ့် မရီရဲ...။
ထို့နောက် ဘောက်ဆတ်ဆတ်နှင့် သူ့ခုံဆီ တန်းထိုင်လိုက်သည်။ဘာတွေ ထပ်ပြီး စိတ်အလိုမကျဖြစ်နေမှန်းမသိပေမယ့် အခုလို ကလေးဆန်ဆန်အမူအရာလေးတွေကအစ မသိမသာငေးရသည်မှာ ကိုယ့်အလုပ်ပါလေ...
"ဘာရယ်တော့မဟုတ်ပါဘူး ငါတို့A3 ကို ကျောင်းသားအသစ်ရောက်တယ်!"
"Wow...ချောလိုက်တာ.."
"ဟဲ့...ကိုရီးယားမဟုတ်ဘူးထင်တယ်"
"အရပ်ကအရှည်ကြီးပဲဟယ်"
ယူဂွန်းအသံက တိတ်ဆိတ်နေတဲ့အခန်းထဲ ဖြည်းဖြည်းချင်းပျံလွင့်လာသလို၊ အတန်းထဲက မှတ်ချက်မျိုးစုံလဲထွက်ပေါ်လာသည်။ ကိုယ်မော့မကြည့်မိသေး။
YOU ARE READING
I.N.S.A.N.E [ completed ]
FanfictionIf u like to be alone or love someone in pain, just enjoy it!!! 💙