14

3.3K 465 39
                                    

ဖြူလွှလွှ နှင်းတွေက ခြေတစ်လှမ်း လှမ်းလေတိုင်း ကျန်ခဲ့သည့်ခြေရာပျောက်သွားပြန်အောင် တရစပ်ကျဆင်းနေသည်။

ဆောင်းလာတဲ့ ခေါင်းစွပ်ကို နားတွေအုပ်သည်ထိ ဆွဲချလိုက်ရင်း ဂျုံးကု ကိုယ့်ကိုကျုံ့နိုင်သမျှကျုံ့ကာ ခြေလှမ်းတွေကိုမြန်ပစ်လိုက်သည်။

နှစ်ရက်သုံးရက်အတွင်း ပြောင်းသွားတဲ့ရာသီဥတုအခြေအနေက ပတ်ဝန်ကျင်တစ်ခုလုံး နှင်းထုတွေချည်း ပိတ်သည်းကုန်စေ၏။

အမှတ်မထင် အအေးလိုင်းဖြတ်သည်နှင့်ကြုံတော့ ဒီနှစ်ဆောင်းက အခြေအနေမဟန်တော့ ၊  ဟန်မြစ်ထဲ၌ပင် ရေတွေခဲကုန်ပြီဟု သတင်းတွေပါ ရနေသည်။

Boiler အနွေးဓာတ်ဆီ အမြန်ရောက်ချင်ဇောနှင့် A3 ဆိုသည့် အခန်းနာမည်မြင်တာနဲ့ ဂျုံးကု ပြေးဝင်လာတော့သည်။
သတိတရ လှမ်းကြည့်ပါသော်လည်း အနောက်ဆုံးခုံက ထုံးစံအတိုင်း နေရာလွတ်နေဆဲ ။

၁ပတ်ပင်ပြည့်လေပြီ ။

ဘူဆန်မှာ သူနေခဲ့တဲ့ သုံးရက်အပါအဝင် သူမ ကျောင်းမလာသည်မှာ တစ်ပတ်ပြည့်ပြီဖြစ်သည်။

ဒီလောက် လူတစ်ယောက်လုံးပျောက်နေသည်ကို အခန်းထဲမှ ဘယ်သူကမှလည်း အရေးတယူမရှိကြ။ ဂျုံးကုတစ်ယောက်သာ ကိုယ့်စိတ်နဲ့ကိုယ် ပင်ပန်းနေရသည်။

ဆရာမတွေထိ သွားမေးရအောင်လည်း အဲ့လောက်ထိ သူနဲ့မဆိုင်ဟုတွေးကာ ပေကပ်နေမိသည်။

ဘာပဲဖြစ်ဖြစ် သွားမေးကြည့်ရင်တော့ အကြောင်းအရင်းသိရမည်မလား?

"ဟင်!!"

ဟိုတွေးဒီတွေးနှင့် ခုံပေါ် ဝင်ထိုင်ပြီးပါမှ deskခုံအောက်က အထုပ်ဆီ မျက်လုံးကရောက်သွားသည်။

ထင်ထားသည့်အတိုင်းပင် ၊ ဂျပ်အိတ်ထဲမှ ထုတ်ကြည့်လိုက်သည့်အခါ သေသပ်စွာ လျှော်ဖွတ်ပြီး ခေါက်ထားပေးဟန်တူသည့် အားကစားဂျာကင် ။

တချက် အနောက်ခုံဆီ လှမ်းကြည့်ပြန်တော့လည်း လူကမရှိ။

ဒါဆို ဒီအင်္ကျီကို ဘယ်သူပြန်လာပေးသည်လဲ?

"Yugyeom ဟျောင့် ဒါ ဘယ်သူထားသွားတာလဲ?"

"အာ..ဘယ်သိမှာလဲ ငါကျောင်းလာတော့ မင်းခုံထဲမှာရှိနေတာပဲ မမြင်လိုက်ဘူး!"

I.N.S.A.N.E [ completed ]Tempat cerita menjadi hidup. Temukan sekarang