1825 days

4.6K 398 67
                                    

စတော်ဘယ်ရီ ခရင်မ်လေးကို နှုတ်ခမ်းလေးနားတို့ပေးတော့ တစ်လစ်ကလေးထွက်လာတဲ့ လျှာကလေး။

"Aigoo..ommaခွေးပေါက်လေးက စတော်ဘယ်ရီကြိုက်သလား ဟင်? ဟင်?"

တခစ်ခစ်ရယ်နေတဲ့ ကလေးငယ်လေးကို ချော့မြူနေပြန်တဲ့အမျိုးသမီးငယ်၊ မျက်ဝန်းတွေက နူးညံ့လို့ အေးချမ်းလိုက်တာလို့ ကိုယ်တွေးရင်း သူတို့သားအမိနှစ်ယောက်ကို ငေးနေမိတာ။

နိုင်ငံခြားခရီးသွားဧည့်သည်တွေ စုံလင်လွန်းတဲ့ စားသောက်ဆိုင်ငယ်လေးထဲမှာ ကိုရီယားစကားသံကြားလိုက်ရတာနဲ့ ကိုယ်ဖတ်လက်စ စာအုပ်ကို ထပ်အာရုံစိုက်လို့မရတော့ဘူးလေ။ အဲ့တာနဲ့ပဲ စပ်စပ်စုစုနဲ့ မျက်စောင်းထိုးခုံက သားအမိနှစ်ယောက်ဆီ အာရုံတွေပို့ထားလိုက်ခြင်းပင်။

ဆိုင်အပြင်ဘက်မှာ နှင်းတွေကအထပ်လိုက်ပဲ။ ကနေဒါရဲ့ ဆောင်းက ဂျပန်နဲ့ယှဉ်လိုက်ရင် ဘာဆိုဘာမှမဟုတ်တော့သလို။ တကယ်က ဒီနှင်းတွေမြင်ခွင့်ရဖို့ ကိုယ် ဂျပန်ကိုရောက်နေခဲ့တာ။

နောက်လဆိုရင် ကိုယ့်ရဲ့ ၆အုပ်မြောက်သော စာအုပ်အသစ်ထွက်ရတော့မယ်။ ကိုယ် နှင်းတွေအကြောင်းရေးချင်တယ်။ ချယ်ရီတွေကို ကိုယ်တိုင်ထွေးဖက်ခဲ့တဲ့အကြောင်းတွေ ရေးချင်တယ်။ ဒါကြောင့် နွေဦးထိ ဂျပန်မှာ ခနနေဖို့ ကိုယ်တွေးထားတယ်။ စာတွေရေးရင်းနဲ့ တည်ငြိမ်လာတဲ့ ကိုယ့်စိတ်တွေက အခုဆို ဆေးဝါးတွေအကူအညီမပါဘဲ ပုံမှန်လူတစ်ယောက်လို နေထိုင်လို့ရခဲ့ပြီ။

မားကတော့ ကိုယ်ဒီလို လျှောက်သွားနေတာတွေ သဘောမကျဘူး။ တက္ကသိုလ်တက်ဖြစ်တော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သတ်ပြီး လေ့လာခဲ့တာမို့ ကိုယ်ရေးတဲ့စာအုပ်တွေက တောတွေ တောင်တွေနဲ့ ကမ္ဘာပေါ်က သယံဇာတတွေအကြောင်း။ ဒီအကြောင်းတွေသိဖို့ ကိုယ်က မဖြစ်မနေ ခရီးထွက်ရတယ်လေ မား ဘာတတ်နိုင်မှာလဲ။
မား စိတ်ပူတာကို နားလည်ပေမယ့် ကိုယ်လည်း ပျော်သင့်သလောက်တော့ ပျော်တတ်နေပြီပဲလေ။

"ဟာ ခွေးပေါက်လေး ရှူးတွေပေါက်ချတယ် ကြည့်စမ်းး
ပြန်ခါနီးကို လူဆိုးလေးး"

I.N.S.A.N.E [ completed ]Donde viven las historias. Descúbrelo ahora