"ဒီလောက်ပဲ ငိုတော့..."
တစ်သျူးတစ်ရွက်ကို ထုတ်ပေးရင်း မျက်နှာတစ်ခုလုံးနီရဲနေတဲ့ထယ်ယောင်း ကျောကိုခပ်ဖွဖွပုတ်ပေးမိသည်။
နှာရည်တွေတဗြီးဗြီးညှစ်ထုတ်ရင်း ကိုယ့်ကိုမျက်စောင်းထိုးသည်မို့
ကိုယ် ခပ်ဖွဖွရယ်ရင်း ကောင်းကင်ဆီကိုပဲပြန်ငေးနေလိုက်သည်။ ကြယ်တွေမရှိဘဲ မဲနက်နေတဲ့ကောင်းကင်ကြီးက နည်းနည်းတော့ကြေကွဲစရာကောင်းနေသလိုပဲ...."ဘယ်ချိန်ကတည်းကလဲ နေမကောင်းတာကိုဘယ်ချိန်ထိ တစ်ယောက်ထဲဖုံးကွယ်ထားဖို့တွေးနေတာလဲ နင်!"
"မဖုံးကွယ်ပါဘူး...ငါတောင်အခုမှသိတဲ့ဟာကို "
"ဂိုမေဘယ်လ်!!!"
ငိုထားလို့ နှာသံပေါက်နေပေမယ့် သြရှနေဆဲ ထယ်ယောင်းအော်သံက ကိုယ့်ညာဘက်နားထဲမှာ အူကနဲ့ပဲ...
"ကြယ်တွေလဲမရှိဘူး"
"နင်ဟာ..."
တိမ်ဝင်သွားတဲ့အသံနောက်မှာ ထယ်ယောင်း ကိုယ့်ကိုသနားစဖွယ်စိုက်ကြည့်နေမယ်ဆိုတာ မပြောလဲသိနေတယ်။ မွန်းကြပ်နေကြတာချင်းတူတူ ကိုယ်က ကာယကံရှင်ဖြစ်နေလျက်နဲ့ သူ့လောက်မခံစားရတာ နည်းနည်းတော့ရီစရာကောင်းသလိုရှိသည်။
"ထယ်ယောင်းအာ...ပြန်ကြရအောင် မနက်ဖြန်တစ်ဘာသာဖြေရအုန်းမယ်လေ လာ...ထ"
ဉာဥ့်နက်နေပြီမို့ ကိုယ်တို့ထိုင်နေတဲ့ ကလေးကစားကွင်းလေးအနားမှာ လူသွားလူလာတောင်ရှိသည်မဟုတ်တော့ပေ။ ကိုယ့်အထင်တော့ ဆယ်နာရီတောင်ထိုးတော့မယ်၊ သူပြန်သင့်ပြီ။
ကိုယ် မတ်တပ်ရပ်ပြီးသည်ထိ ထယ်ယောင်းကမထသေးပဲ ငူငူငိုင်ငိုင်ဆက်ထိုင်နေသည်။ လေပူတွေတချက် ဖြတ်တိုက်သွားလို့ ပွစာကြဲနေတဲ့ဆံပင်တွေက သူ့နဖူးပြင်ပေါ်မှာ မညီမညာနဲ့...
"ထယ်ယောင်းအာ...ငါတို့...အရင်လိုပဲ ပျော်စရာကောင်းတာတွေပဲတွေးကြမလား ဟင်?"
"ငါက ဂျွန်းဂျုံးကု မဟုတ်လို့လား"
ထလာတဲ့ ထယ်ယောင်းရဲ့အရပ်ကြီးက ကိုယ့်ကိုအုပ်မိုးလို့နီးကပ်လာတဲ့အခါ ကိုယ် နောက်ကိုနှစ်လှမ်းလောက် ဆုတ်လိုက်မိသည်။ ဘာရယ်မဟုတ်ပါဘဲ ခန္ဓာကိုယ်က အလိုက်သင့်လုပ်မိလိုက်ခြင်းသာ...
YOU ARE READING
I.N.S.A.N.E [ completed ]
FanfictionIf u like to be alone or love someone in pain, just enjoy it!!! 💙