ကိုယ် မပြေးချင်ဘူး...
အရမ်းမောတယ်။
တော်ပါတော့ ဒါဘယ်နေရာလဲ??
တစ်ယောက်ယောက်..တယောက်ယောက်ထိကိုင်ပေးပါ!!!
မဟုတ်ရင် ဒီအိမ်မက်ကြီးထဲမှာ ကိုယ် ပိတ်မိလိမ့်မယ်!
ကိုယ် မပြေးနိုင်တော့ဘူး...ဒီလမ်းရဲ့အဆုံးကဘယ်မှာလဲ?
ဒါ အိမ်မက်ကြီးမှန်း ကိုယ်သိတယ် တော်ပါတော့!!!!!
~
"Huh...!"
မျက်လုံးအပွင့် ခါးအမတ် ။ ပါးစပ်ကိုဟလို့ လေကိုတဝချင်းရှူသွင်းလိုက်တော့ ရင်ထဲက စို့နစ်မှုတွေ နည်းနည်းလျော့သွားသလိုလိုရှိသည်။
ဆတ်ကနဲ ထမိလို့ မိုက်ကနဲ မူးဝေသွားတဲ့ခေါင်းက သေချာပေါက် ဦးနှောက်ကိုသွေးလည်ပတ်မှု ကောင်းကောင်းမရောက်သေးတဲ့လက္ခဏာ...
အင်း အခန့်မသင့်ရင် သေတော့မလို့ပဲ။အိပ်ယာဘေးက ဖုန်းကို ဆွဲယူကြည့်တော့ မနက်လေးနာရီ!
ကိုယ် ဆက်မအိပ်ရဲတော့ဘူး။ တနေရာရာကို သွားထိုင်နေမှဖြစ်မယ် ၊ နည်းနည်းလင်းတဲ့နေရာ...အလင်းရောင်ကောင်းကောင်းရမယ့်နေရာ...??
အာ...ပင်လယ်!!!
ကိုယ် အပေါ်ဝတ်အကျႌတောင် မယူနိုင်ပဲ အခန်းထဲကထွက်လာခဲ့တော့သည်။ Guest house မန်နေဂျာပင် မထသေးသဖြင့် တံခါးမကြီးကို ကိုယ်တိုင်ဖွင့်ရင်း ဦးတည်သည်က ကိုယ် မနေ့က မြင်ခဲ့မိတဲ့ ကမ်းနားလမ်းကအုတ်ခုံတန်းတွေဆီ...။
~~~
မူးနောက်နေတဲ့ ခေါင်းက တဆစ်ဆစ်နဲ့ ထိုးကိုက်နေသည် ပင်လယ်လေကြမ်းတွေကြောင့်ထင်ပါရဲ့။
ယိုင်နဲ့နဲ့ ခြေထောက်တွေကို ဂရုမစိုက်အားသေးပါဘူး ၊
ဟိုရှေ့ဆိုရင် အုတ်ခုံတန်းလေးဆီရောက်ပြီမလား?တော်သေးတာပေါ့ ရောင်နီပျို့လာပြီ။
ကိုယ် အုတ်ခုံတန်းလေးပေါ် တက်လိုက်သည်။ ကမ်းခြေပလက်ဖောင်းလို့ပဲ ပြောရမလား အုတ်ခုံလေးက ခပ်မြင့်မြင့်ဆိုတော့ ပင်လယ်ကြီးကိုပြည့်ပြည့်ဝဝ မြင်နေရသည်။
YOU ARE READING
I.N.S.A.N.E [ completed ]
FanfictionIf u like to be alone or love someone in pain, just enjoy it!!! 💙