25

3.7K 430 55
                                    

တစ်စထက်တစ်စ ပီပြင်လာတဲ့ ရာသီအကူးအပြောင်းကာလက နွေဘက်ဆီသို့ဦးတည်လာသည်။

အရင်လို ထူပိန်းပိန်းနှင်းတွေနေရာမှာ အရွက်ခြောက်လေးတွေ နေရာယူတတ်နေပြီး လေရိုင်းတွေက တချက်တချက် ထဖောက်၏ ။

တချိန်ထဲမှာပဲ နီးကပ်လာတဲ့ စာမေးပွဲအဆုံးမှာ ကိုယ်တို့တွေ ဘဝတစ်ဆစ်ချို့ရတော့မည်။

အထက်တန်းကျောင်းသားဘဝတွေအဆုံးသတ်လို့ လူငယ်တစ်ယောက်ရဲ့အနာဂတ်တွေစကြတော့မယ်...

တချို့ကတွေးပျော်တယ်။

တချို့က တွေးပူတယ်။

ကွဲလွဲသွားမယ့် ခေါင်းစဉ်တွေအောက်မှာ တချို့က အတူတူရှေ့ဆက်ကြမယ်...တချို့ကခွဲခွာကြမယ်။

ကိုယ်ရော?

ရှေ့ဆက်လျှောက်ရမလား? ဒီနေရာမှာပဲ ရပ်တန့်လိုက်ရမလား?

တစ်ယောက်ကတော့ပြောဖူးတယ် "တက္ကသိုလ်အတူတူတက်ရအောင်" တဲ့။

ဒီစကားလေးတခွန်းအတွက်နဲ့ ကိုယ်အားလုံးကို ရင်ဆိုင်ပစ်လိုက်ချင်တာပါပဲ။

အကယ်၍ ကံတရားကသာ ကိုယ့်အပေါ်စာနာခဲ့ရင်ပေါ့။

ဟူးးး~

သက်ပြင်းကိုခပ်ဖွဖွချရင်း ကိုယ့်ဖိနပ်ကိုပဲ အကြောင်းမဲ့ငေးနေလိုက်တယ်။ ကိုယ်ထိုင်နေတဲခုံအရှေ့မှာ အနည်းဆုံး ဆယ်ယောက်လောက်စောင့်ရအုန်းမည်လေ~

#deeee

တုန်ခါလာတဲ့ ဖုန်းမျက်နှာပြင်ကို စိုက်ကြည့်ရင်း ကိုင်ရမလား မကိုင်ရမလား ကိုယ်တွေးတာကြာသွားသည်ထင်ရဲ့ miss call အနီရောင်လေးက noti bar ပေါ်ရောက်သွားသည်။

#deeeeee

နောက်တကြိမ် ထပ်မြည်လာချိန်မှာတော့ ဖုန်းစခရင်၏ အစိမ်းရောင်ဘက်ကို ဆွဲလိုက်ပြီးနောက် ထိုင်ခုံကနေထကာ ကော်ရစ်တာဘက် ထွက်လာခဲ့တော့သည်။

"Hello?"

"နင် ဘယ်မှာလဲ ? အိမ်မှာလဲမရှိဘူး"

"ဂျုံးကု?"

ကိုယ် မျက်လုံးတောင်ပြူးကျယ်သွားတယ်။ သူလို့ လုံးဝမထင်ထားသလို ဒါဟာ သူ့ဆီက ပထမဆုံးအဝင်call ရယ်ပါ။

I.N.S.A.N.E [ completed ]Where stories live. Discover now