15

3.3K 448 60
                                    

"ညီမလေးရယ်...စဉ်းစားပါအုန်း!"

ကိုယ့်လက်တွေကို ဆုပ်ကိုင်ထားတဲ့ လက်တွေက အေးစက်စက်။ ကိုယ် အားနားပါးနာနဲ့ ငြိမ်နေလိုက်ပေမယ့် တကယ်တော့ သူစိမ်းတစ်ယောက်နဲ့ skinship ဆိုတာမျိုးတွေ ကိုယ်သဘောမကျပါ။  ဘာပဲပြောပြော မန်နေဂျာအစ်မဆိုတာလည်း သူစိမ်းပဲလေ..

"ဟို...တောင်းပန်ပါတယ် "

ပြောစရာစကားအများကြီး ထွက်မလာတဲ့အခါ ကိုယ် ခေါင်းကိုပဲငုံ့ထားလိုက်တော့တယ်။ အလုပ်ထွက်ရတာ ဒီလောက်ခတ်ခဲမယ်မှန်း ကိုယ်မသိခဲ့ရိုးအမှန်။ ဂတ်စ်မီးဖိုပေါက်ကွဲမှုမှာ ကိုယ့်မျက်လုံးတဖက် အပူရှိန်နဲ့ထိခိုက်သွားလို့ နှစ်ပတ်တိတိပတ်တီးနဲ့ စည်းအုပ်ထားရမယ့်သတင်းကြောင့် နစ်နာကြေးပေးဖို့ သူဌေးက ဆက်သွယ်လာခဲ့သည်။ ကိုယ်ရောက်လာတော့ နစ်နာကြေးအပြင် အလုပ်မထွက်ဖို့ဇွတ်တွေ ဆွဲနေတော့ ခတ်သည်။

"နှစ်နှစ်အတွင်းမှာ ဆိုင်အတွက် ညီမက အချိန်ပိုင်းအလုပ်သမားဆိုတာထက်  ပင်တိုင်မိသားစုလိုပါပဲ ၊ ပိတ်ရက်တွေထိ အချိန်ပြည့်အလုပ်ဆင်းပေးတာတွေရော ကျေးဇူးအရမ်းတင်နေတာပါ...စဉ်းစားပါအုန်းနော် ဆိုင်မှာ တခြားအသစ်တွေ မခေါ်ချင်လို့ပါ ညီမရယ်"

တခြားဆိုင်တွေဆို ဒီလောက်ထိ ဝန်ထမ်းအပေါ် မကောင်းနိုင်မှန်း ကိုယ် သိပါတယ်။ ဒါပေမယ့် အလုပ်ထွက်ရသည်မှာ ကိုယ်ထိခိုက်ခဲ့တဲ့ကိစ္စကြောင့်ရယ်တော့မဟုတ် ၊ တစ်စုံတစ်ယောက်ကို ကိုယ့်ကြောင့် စိတ်မရှုပ်စေချင်သည်က အဓိကပင် ၊ အခုတောင် ဟိုဖက်စားပွဲတွေဆီကနေ ကိုယ်တို့ဘက်လှမ်းကြည့်နေတာကြောင့် ကိုယ့်မှာစိတ်မသက်သာလှ...

"ကျနော် ပြောလိုက်မယ် အစ်မ!"

ဘယ်တုန်းက အနီးနားရောက်လာမှန်းမသိတဲ့ သူ့အသံကြောင့် ကိုယ့်မှာ ကျောထဲက စိမ့်ကနဲ။

"အေး...jungkook နဲ့က သူငယ်ချင်းတွေပဲ
မေဘယ်လ်ကို ကူပြောပေးပါအုန်းကွယ်"

ဒုက္ခပါပဲ ။ သူကမှ ကိုယ့်ကို ထွက်သွားစေချင်ပါတယ်ဆိုမှ။

"နင် ဒီလာခဲ့!"

ဟင်!

နွေးထွေးလွန်းနေတဲ့ သူ့လက်ဖဝါးက သွေးမရှိသလိုဖြူဖတ်နေတဲ့ ကိုယ့်လက်ကောက်ဝတ်တွေဆီကို ဆောင့်ဆွဲလို့ ဆိုင်ရှေ့အပြင်ဘက်ထိ ဆွဲခေါ်လာခဲ့သည်။

I.N.S.A.N.E [ completed ]Where stories live. Discover now