7

3.5K 442 13
                                    

ဘူဆန်ကမ်းခြေ လမ်းမကြီးပေါ်တွင် ပြိုင်ကားအနီလေးတစ်စင်း အမြန်ဆုံးအရှိန်နှင့် ပြေးလွှားလျက်ရှိသည်။

မကြာခင်ပြိုတော့မယ့်မိုးလို တဖြည်းဖြည်း အိကျလာတဲ့ မီးခိုးရောင်တိမ်သားတွေက ဆောင်းလလယ်ရဲ့ မုတ်သုန်လေနဲ့ အပြိုင်အဆိုင် ဖြစ်နေပုံရသည်။ မိုးလေး တစ်စက်နှစ်စက်ကျလိုက် လေနဲ့အတူ တိမ်သားတွေလွင့်စင်သွားလိုက်ဖြင့်...

လမ်းမပေါ် ပြေးနေရင်းမှ ကားခေါင်မိုးအဖုံးကို ပိတ်လိုက်တဲ့ပြိုင်ကားအနီလေးဟာ မစွတ်မပွတ်မိုးစက်တွေကြောင့်တော့ ဟုတ်မယ်မထင် ၊ ဘေးခုံတွင် ဖြူဖျော့စွာ မေ့လျော့နေသော ကောင်မလေးတစ်ယောက်အတွက် စေတနာပိုခြင်းပင်ဖြစ်ပါလိမ့်မည်။

~~

"မေဘယ်လ်..မေဘယ်လ်.. မေဘယ်လ်!!!"

မီတာ၄၀၀ အပြေးပြိုင်ပွဲအတွက် အသင့်နေရာယူထားကြတဲ့ အလယ်တန်းကျောင်းသူလေးတွေ...၊ ကွင်းရဲ့ တဖက်တချက်စီမှာ ပန်းပွားတွေ တူရိယာတွေနဲ့ အားပေးတဲ့ပရိတ်သတ်တွေကလည်း ဟုန်းဟုန်းကြွလို့..

အသင့်အနေအထားနဲ့ ဒူးကိုကွေးညွတ်ရင်း လက်ထောက်ကာ စောင့်နေရင်းမှ ပြေးကွင်းရဲ့ အစွန်နားထိ လာအားပေးတဲ့ လူသားနှစ်ယောက်ကို ကိုယ် လှမ်းပြီးပြုံးပြမိသည်။

ပန်းနုရောင် စကပ်လေးဝဲခါနေအောင် ပန်းပွားလေးတွေဝှေ့ယမ်းရင်း အားပေးနေတဲ့ ဂျီယာရယ်..

ဂျီယာ့လိုပဲ ပန်းပွားနှစ်ခုကိုကိုင်ပြီး အသံအကျယ်ဆုံးလားမှတ်ရအောင် ကိုယ့်နာမည်ကို အော်ဟစ်နေတဲ့ ဖေဖေရယ်...

ကိုယ် နည်းနည်းတော့ ရှက်သွားပေမယ့် အားတက်သွားတာတော့ အမှန်ပင်..၊ ထောက်ထားတဲ့ လက်နဲ့ ခြေချင်းဝတ်ဆီကို သေချာအားပြုထားရင်း အချက်ပေး သေနတ်သံကိုပဲ အာရုံစိုက်လိုက်သည်။

#ဒိုင်းး

သေနတ်အသံနောက်မှာ စတင်လှမ်းလိုက်တဲ့ခြေလှမ်းနဲ့အတူ
လွင့်ဝဲသွားတဲ့ ကိုယ့်ဆံပင်တွေ...၊ အနောက်မှာ တဖြည်းဖြည်းကျန်ရစ်ခဲ့တဲ့ ပြိုင်ပွဲဝင်တွေ..

ပန်းတိုင်ဖဲကြိုးပြားကို ဖြတ်ဝင်လိုက်တဲ့အချိန် ဝေါခနဲ ပြန့်ကြဲလာတဲ့ လက်ခုပ်သံတွေ..

I.N.S.A.N.E [ completed ]Tempat cerita menjadi hidup. Temukan sekarang