"ငါတို့တွဲကြမယ်!"
အနောက်ကို ဆုတ်လိုက်မိတဲ့ ခြေနှစ်လှမ်းနဲ့အတူ လက်ဖမိုးက နှုတ်ခမ်းပေါ်ကို ဖိသုတ်ပစ်ပြီးသား...
ရုတ်တရက်!
ကိုယ် စိတ်ဆိုးသွားမိသလိုပဲ။
ချစ်တာက သက်သက်...အရာရာကိုခွင့်လွှတ်ပြီးအောက်ကျခံတာကသက်သက်...
ကိုယ်ဟာ သူ့အတွက် အဲ့လောက်ထိ အပေါစားဆန်နေခဲ့မှန်း မသိခဲ့မိတာကို အောင့်သက်သက်နဲ့ လက်ခံလိုက်ရခြင်းဟာ ဂျုံးကုအပေါ်မှာ ပထမဆုံးအနေနဲ့ ဒေါသတွေထွက်လာခဲ့သည်။
"တွဲမယ် ...?"
ဒေါသရယ် တော်တော်လေးမြင့်တက်နေတဲ့ စိတ်လှုပ်ရှားမှုရယ်ပေါင်းမိသွားတဲ့အခါ ကိုယ့်မျက်တောင်ဖျားတွေ စိုစွတ်လို့ မြင်ကွင်းတွေဝေဝါးလာတယ်...
ဟင့်အင်း...အဲ့မျက်ရည်တွေ လုံးဝ မကျစေရပါဘူး!
"ငါနောက်နေတာမဟုတ်ဘူး၊ တကယ်...ပြောနေတာ"
နောက်နေတာလို့်လည်း ကိုယ်မထင်ပါဘူးလေ...
"Yaa...ဂျွန်းဂျုံးကု!"
ခေါင်းကိုမော့ မျက်တောင်တွေပုတ်ခတ်လိုက်တော့ အဆင်ပြေသွားပြီဆိုမှ ကိုယ့်သူ့မျက်နှာကို စေ့စေ့ကြည့်မိတယ်
သူ့မျက်နှာမှာ ဘာနူးညံ့မှုမှလည်းမရှိသလို ကိုယ့်ကိုချစ်ခင်ကြင်နာတဲ့အရိပ်အယောက်ဆိုတာ လုံးဝမရှိတာဆိုရင် ယုံကြမလား?
ကိုယ် မြင်နေရသမျှက
"ငါ့စကားကိုနားထောင် ဂိုမေဘယ်လ်"ဆိုတဲ့ စူးရဲပြီးတောက်ပနေတဲ့ မျက်လုံးဝိုင်းတွေပဲဖြစ်သည်။"နင် ငါ့ကိုချစ်လား?"
"ဘ-ဘာ?"
ချက်ချင်း လှုပ်ရှားသွားတဲ့ သူ့မျက်လုံးတွေနဲ့တပါထဲ စိတ်ရှုပ်သွားတဲ့ပုံစံက ဘာသဘောလဲ?
ကိုယ်ထင်သလိုပါပဲ...သေချာဆုံးက သူ ဒီမေးခွန်းကို တခါမှ မစဉ်းစားဖူးဘူးဆိုတာ...!"အဟက်! မကောင်းတဲ့ကောင်ပဲ နင်က..."
"ဘာ?!"
"နင် သက်သေပြလဲမထူးဘူးပဲ ဂျုံးကု..
ငါကတော့ နင့်ကိုမကောင်းတဲ့ကောင်လို့ပဲ မှတ်လိုက်တော့မယ်"
YOU ARE READING
I.N.S.A.N.E [ completed ]
FanfictionIf u like to be alone or love someone in pain, just enjoy it!!! 💙