သွေးညှီနံ့က လည်ချောင်းနဲ့အသက်ရှူရာလမ်းကြောင်းဆုံသည်နေရာ တနည်းအားဖြင့် နှာရင်းထိပ်နားတွင် စူးခနဲ ဝင်ရောက်လာသည်။
တကိုယ်လုံးကိုင်ရိုက်ထားသလို ဘယ်ညာလှည့်ဖို့တောင်အားပြတ်နေသည့်အနေအထားနဲ့ ကိုယ့်မျက်လုံးတွေကို ရှိသမျှအားနဲ့ ခတ်ခဲစွာဖွင့်ကြည့်ရသည်။ လက်ကောက်ဝတ်ဆီက ပိုက်တန်းလန်းဆီက အောင့်သက်သက်အရာက ဖောက်ဝင်နေတဲ့ဆေးထိုးအပ်ဆိုတဲ့အသိ...
ပိုက်ထဲမှာက အဖြူကြည်ရောင်ဆေးရည်မဟုတ်ဘဲ နီညို့ညို့သွေးတွေ...
ခန်းဆီးလိုက်ကာကြားက ဝင်နေတဲ့အလင်းရောင်က နေရောင်လား?
အခု ဘယ်ရောက်နေတာလဲ?
မျက်လုံးတွေပြန်မှိတ်ချလိုက်တော့ အသက်ရှုရတာပိုခတ်ခဲလာသလို မောလာသလိုလို...
မသေသေးဘူးလား?
ဒါမှမဟုတ် အခုပဲသေတော့မှာလား?
·တီ တီ တီ တီ·
အသိက ဝင်တချက် မဝင်တချက်နဲ့... နားထဲမှာဆူညံနေတဲ့ တတီတီမြည်သံတွေ...
"ဆရာ! လူနာက heart rate တွေ ထိုးကျကုန်ပြီ!!!"
တရှပ်ရှပ်နဲ့ ဘေးနားမှာပြေးလွှားနေတဲ့ခြေသံတွေနဲ့ အဖြူရောင်အရိပ်တွေက နှစ်ထပ်သုံးထပ်ပြန့်ရောလို့။
"Oxygen ပေးမယ် မြန်မြန်"
နှာခေါင်းနဲ့ပါးစပ်ပေါ်လာအုပ်တဲ့ oxygen mask ဆီက အေးစက်စက်လေတွေက အသက်ရှူလမ်းကြောင်းထဲ တရဟောစီးဝင်သွားသည်။ နည်းနည်းသက်သာသလိုလိုရှိသွားပေမယ့် လူက အာရုံကပ်လို့မရအောင် မျက်လုံးတွေက လေးလံစွာ ကြောင်စီစီဖြစ်နေဆဲ. . .
ပိုက်တန်းလန်းချိတ်မထားတဲ့ ဘယ်လက်ဆီကိုထိုးသွင်းလာတဲ့ ဆေးထိုးအပ်တွေက တခါလဲမဟုတ် နှစ်ခါလည်းမဟုတ်... ဘာတွေသွင်းနေကြတာလဲ?
"ဘာဖြစ်တာလဲ? Hyung!! မေဘယ်လ် ဘာဖြစ်တာလဲ??"
တရောသောပါးပြေးဝင်လာတဲ့ခြေသံနောက်မှာ ရင်းနှီးနေတဲ့ အသံသြသြကိုကြားလိုက်ရသည်နှင့် စိတ်ထဲကလှိုက်ကနဲ...
"Ta...tae.."
ဒီထက်လဲ လေသံကလိုက်ပါမလာတော့။ ကိုယ်ခေါ်နေတဲ့ အသံလည်းဘယ်သူမှမကြားကြ။ သူတို့စကားသံတွေသာ ကိုယ်ကြားနေရတာ။ ထယ်ယောင်းဟုတ်တယ်မလား? ထယ်ယောင်းအသံကြားလိုက်တယ် ဟုတ်ပါတယ် ဘာလို့ခေါ်လို့မရတာလဲ?
ESTÁS LEYENDO
I.N.S.A.N.E [ completed ]
FanficIf u like to be alone or love someone in pain, just enjoy it!!! 💙