"ကင်ထယ်ယောင်း?"
"Aww... anyeong!"
အနီရင့်ရင့်ဆံနွယ်တွေ မြင်ရုံနဲ့ ကျောပေးထားတဲ့ သူ့ကို ခေါ်လိုက်မိသည်။ guest house ရဲ့ တံခါးဝအနား မှီရပ်ရင်း စောင့်နေဟန်တူသည် ။ ကိုယ် ထွက်လာတော့ လက်ထဲကအထုပ်တွေ ကူဆွဲလေရဲ့...
"နင်....ပြန်တော့မလို့လား?"
"အင်း...လုပ်စရာလဲမရှိတော့လို့"
"အာ..."
ညိုးကျသွားတဲ့ မျက်နှာနဲ့ စူထွက်လာတဲ့နှုတ်ခမ်းက အတိုင်းသားမို့ ကိုယ်ရီချင်သွားသည်။ လေးတိလေးကန်နဲ့ ကိုယ့်အိတ်ကြီးဆွဲပြီး သူက ဘယ်သွားမလို့ပါလိမ့်...
"Yaa...ငါ့အိတ်ကြီးယူပြီး ဘယ်သွားတာလဲ?"
"သြော်..အေး ဟုတ်သား..။ ဟီးး ဘယ် ကားဂိတ်လဲ ငါလိုက်ပို့မယ်လေ!"
"အင်း ကားဂိတ်မဟုတ်သေးဘဲ တစ်နေရာကိုအရင်လိုက်ပို့မလား?"
"သွားစို့!!!"
ချက်ချင်းပြန်ပြုံးလာတဲ့ သူ့ကြောင့် ကိုယ်ပါ ရောယောင်ပြုံးမိသည်၊ ထို့နောက် ကားအနီလေးသည်လည်း ပင်လယ်ကမ်းခြေအနီးက တစ်နေရာဆီသို့...။
~
"မနေ့က...တောင်းပန်ပါတယ် နင်က ကြားထဲက မဆိုင်ပဲ အအော်ခံလိုက်ရသလိုပဲ"
အရင်နေ့တွေကနဲ့မတူ ငြိမ်နေတဲ့ ထယ်ယောင်းကြောင့် ကိုယ်ကပဲ စကားစလိုက်ရသည်။
"ရပါတယ်...ငါက အဲ့လိုတွေစိတ်ထဲ ကြာကြာမထားတတ်ဘူး"
"အင်း.."
ပြန်ပြီး ငြိမ်သွားပြန်တဲ့ ကားလေးထဲ နှင်းဆီsprayအနံ့လေးက သင်းလို့...။
"ဒါနဲ့...အဲ့တစ်ယောက်က နင့်ရဲ့ ဟို..ရည်းစားတော့မဟုတ်ဘူးမလားဟင် မေဘယ်လ်?"
အဟက်!
ကိုယ် အူလိုက်သည်းလှိုက် ရယ်ပစ်လိုက်ချင်သည်။ ရည်းစားတဲ့လား...? သူကြားရင် ကိုယ် အသက်တောင်ရှိနေပါအုန်းမလားမပြောတတ်အောင် သူဟာ ကိုယ့်အပေါ် လက်ပါရလောက်တဲ့အထိ မုန်းနေတဲ့ သူ..။
"သူ့ကိုလဲ နင့်စိတ်ထဲ ထည့်မနေပါနဲ့..။ သူက နင့်လောက်အောင် ငါနဲ့မရင်းနှီးတဲ့သူ!"
KAMU SEDANG MEMBACA
I.N.S.A.N.E [ completed ]
Fiksi PenggemarIf u like to be alone or love someone in pain, just enjoy it!!! 💙