ဘူဆန်ကို ချစ်လားလို့မေးရင် မချစ်ဘူးပဲဖြေမယ်
မုန်းလားဆိုတော့လည်း ခံစားချက်မရှိပြန်ဘူး...။
တခုပဲ...ဘူဆန်က ပင်လယ်ကြီးကို သဘောကျတယ်!
ကမ်းနားလမ်းမှာ တယောက်ထဲလမ်းလျှောက်ရတာကိုလည်း သဘောကျတယ်!
ပင်လယ်လေကြမ်းတွေကိုလည်း သဘောကျတယ်!
ဟော..ဟိုက ပင်လယ်ဇင်ယော်တွေကိုလည်း သဘောကျတယ်!
#တီ...!!!!!!!
ဟွန်းသံခပ်ကျယ်ကျယ်နဲ့အတူ ကိုယ် ဘေးမှာ #ကျွီကနဲ ထိုးရပ်တဲ့ ပြိုင်ကားတစ်စီး ။
တွေးလက်စ အတွေးတွေအကုန် တိကနဲ ပျက်သွားတော့ ကိုယ် နည်းနည်းစိတ်ရှုပ်သွားတယ်...
"Yaa...ဟိုတစ်ယောက်!!!"
ကားမှန်ချပြီး ခေါင်းပြူထွက်လာသည်က ဟိုနီကြောင်ကြောင်နဲ့အရူးကောင် ။ ကိုယ် သူ့ကို မနိုးဘဲ ဆေးရုံကဆင်းလာတာမို့ မကျေနပ်လေသလားမသိ ဒီထိရောက်လာတယ်ဆိုတော့... ကိုယ် သက်ပြင်းချမိသည်။
"ထပ်ပြီး ဘာလဲ??"
"နင် တကယ်ပဲသွေးအေးတယ် ဘယ်လိုများ ငါ့ကိုတစ်ယောက်ထဲ ထားပစ်ခဲ့တာလဲ? ပြီးတော့ ဆေးရုံကြီး!!!"
နှုတ်ခမ်းကိုစူ ကိုယ့်ကိုအပြင်တင်နေပုံက မသိရင် သူငယ်ချင်းအရင်းအချာတွေကျနေရော...၊ ကားပေါ်က ဆင်းလာတဲ့ သူ့ဆံပင်ရဲရဲတွေက လေကြမ်းတွေကြောင့် အကုန်ရှုပ်ပွကုန်တယ်...၊ အင်း ကိုယ့်ဆံပင်တွေလဲ လေထဲမှာပါပဲ...
"ပြီးတော့ ငါက လူနာလဲမရှိဘဲ လူနာစောင့်ခုံကြီးမှာ အိပ်နေမိတာ...ရားးးး တကယ်ပဲ နင်ကတိမတည်ဘူးပဲ!!!"
"ငါ ကတိပေးမိလို့လား?"
ဟုတ်တယ်...ကိုယ့်ပါးစပ်က သူ့ကိုနှိုးပါ့မယ်လို့ ကတိမပေးခဲ့ဘူးမလား? ပြီးတော့ သူ့ကိုအရေးတယူနှိုးရအောင်လဲ တယောက်နဲ့တယောက်ကသိကြတာမဟုတ်..။
"Huh...နင်တကယ်ပဲ!!! "
စိတ်ပျက်လက်ပျက် ဖြစ်သွားတဲ့မျက်နှာကြီး ကိုယ်ရီချင်သွားတယ်။ မရီရက်ပါဘူး သူက ကျေးဇူးရှိဖူးတယ်ဆိုတော့လည်း...
YOU ARE READING
I.N.S.A.N.E [ completed ]
FanfictionIf u like to be alone or love someone in pain, just enjoy it!!! 💙