ညနေခင်းဟာ ခါတိုင်းရက်တွေနဲ့မတူ ပိုမို့ဖျော့တော့နေသည်။
ခရမ်းရောင်နှင့်အပြာရင့်ရောင်ကြားထဲက ခပ်ဖျော့ဖျော့အရောင်ဟာ အိမ်ပြန်ချိန်ရောက်မှ ရုတ်တရက်လိပ်တက်လာတဲ့ တိမ်လိပ်တွေကြောင့်ပဲလား?
ကိုယ့်အထင်တော့ နှင်းတွေ ထူပိန်းအောင်ဝေခဲ့တဲ့ညတွေ လွန်ခဲ့ပြီဆိုတော့ နွေဦးရဲ့စရိုက်က စလာပြီထင်..
နေညိုချိန်တွေတိုင်း တယူသန်တိုက်ခတ်လာတတ်တဲ့ လေပြည်ရိုင်းတွေရယ် မရွာပါသော်လည်း မှိုင်းလာတတ်တဲ့ကောင်းကင်ကြီးရယ်...။
"မိုးရွာမှာလားမသိဘူး!"
ခေါင်းပေါ်ကိုဝဲကျလာတဲ့ အရွက်ခြောက်တွေကို ခါရင်း ကောင်းကင်ကို မော့ကာ ပြောလာတဲ့ ထယ်ယောင်းကြောင့် ကိုယ် အတွေးတွေ ခနဖြတ်လိုက်ရသည်။
မမှောင်သေးပေမယ့် နေရောင်မရှိတော့တဲ့ လမ်းဘေးပလက်ဖောင်းပေါ်မှာ ခြောက်သွေ့စပြုနေပြီဖြစ်တဲ့ အပင်တို့ဆီက အရွက်ခြောက်တွေဟာ ကိုယ်တို့နှစ်ယောက်လုံးအပေါ် တရစပ်ကျလို့...
"မရွာလောက်ပါဘူး...နွေဦးရောက်တော့မှာမို့ လေပြင်းတိုက်တာနေမှာ"
"အဲ့လိုလား?"
လိုက်ပို့ပါမယ်ဆိုပြီး ဘေးကပါလာတဲ့ ထယ်ယောင်းကိုအရင်နေ့တွေတုန်းကလို အတင်းပြန်မလွှတ်မိခဲ့ပေ။
တစ်ချိန်လုံး မျက်နှာရူးပြီး ဖြီးနေတတ်တဲ့လူတစ်ယောက်က အသက်မပါတဲ့အပြုံးတွေချည်းမြင်နေရတာမို့ ကိုယ်အနေကျပ်လာသည်။ တကယ်ဆို ထယ်ယောင်းက ပြုံးနေမှ ချစ်စရာကောင်းတာမျိုးရယ်...
"နင် တခုခုဖြစ်နေတာလား ထယ်ယောင်းအာ?"
"အဟင်းး"
မေးတော့လည်းပြန်မဖြေ နှုတ်ခမ်းမဲ့ရုံပြုံးပြီး ဆက်လျှောက်နေလေရဲ့။
"နင် ငါ့ကိုအဲ့လိုမခေါ်တာကြာပြီ မေဘယ်လ်"
"ဟုတ်လား? သတိမထားမိဘူး"
ချိုးကွေ့လာတဲ့လမ်းသွယ်လေးထဲမှာ ဖြတ်သွားဖြတ်လာဆိုလို့ ကိုယ်တို့နှစ်ယောက်ထဲသာ...။
ဟိုးးးအရှေ့ဆိုလျှင် ကိုယ့်တိုက်ခန်းရောက်ပြီ။ အဝတ်စားလဲပြီးတာနဲ့ အချိန်ပိုင်းအလုပ်သွားရမည်ဆိုတော့ ညစာချက်ချိန်မရှိတော့။ သိပ်တော့မထူးပါဘူး~ကိုယ်က အစားအသောက်ချေးများသူလည်း မဟုတ်တော့ mart က ထမင်းလိပ်တခုဆိုရင် ဗိုက်ဝတာပါပဲလေ~
YOU ARE READING
I.N.S.A.N.E [ completed ]
FanfictionIf u like to be alone or love someone in pain, just enjoy it!!! 💙