3

4.3K 460 27
                                    

" ငါ အိမ်မက်တွေ မက်ပြန်ပြီ...

ဒီ တစ်ခါတော့ ငါ အိမ်နဲ့ဝေးတဲ့ တစ်နေရာကိုရောက်နေတယ်တဲ့...

မှောင်မဲနေတဲ့ကောင်းကင်ကြီးက နေ့လည်၂နာရီနဲ့ ဘာ..မှမဆိုင်သလိုပဲ..၊ ပြီးတော့ ကောင်းကင်ကနေ ဘာတွေမှန်းမသိဘူး ကျလာတယ်

သူတို့ကျသွားတဲ့နေရာတိုင်းက မီးတွေလောင်ကုန်ပြန်ရော..

ဘယ်ပြေးရမှန်းလဲမသိသလို ရုတ်တရက်ကြီး ငါ ရေတွေမွန်းတယ်

သေကောင်ပေါင်းလဲ ရေမျက်နှာပြင်ပေါ် ကူးတက်လာတော့ ငါ တံတားကျိုးကျတဲ့အထဲ ပါသွားတဲ့ပုံပဲ ဘေးမှာ အပျက်အစီးတွေနဲ့ တံတားကြီး...

ငါမသိတဲ့ လူတွေလဲ တယောက်နဲ့တယောက်ဖက်တွယ်ရင်း ကူးနေကြတာပေါ့ဟာ

ငါကတော့ ထုံးစံအတိုင်း တစ်ယောက်ထဲပေါ့

ပြီးတော့ ငါ ဦးတည်ပြီး ကူးနေတဲ့ ကမ်းဘက်မှာ ငါ့အိမ်မရှိဘူး

ဒါပေမယ့် အော်ဟစ်ငိုယိုပြီး ငါဆက်ကူးတယ်

ကုန်းပေါ်ရောက်ရင် ငါအဆင်ပြေပြီလို့ ထင်နေမိလို့လေ

ပါးစပ်ကလည်း 'ကျေးဇူးပြုပြီး အိမ်မက်ကနိုးပါရစေတော့´လို့ တဖွဖွ ညည်းနေမိတာ..

အဟင်းး ကံကလည်း ဆိုးပါတယ်

ငါ ကုန်းပေါ်ကို ရောက်ရောက်ချင်းပဲ အိမ်မက်က လန့်နိုးလာတယ် ၊ နောက်ဆုံးအသက်ရှင်ပြီဆိုတဲ့ စိတ်သက်သာမှုလေးတောင် ငါ မခံစားလိုက်ရဘူး အဟက်!"

ဘေးကနေ တွေတွေလေး ကိုယ့်ကိုငေးကြည့်နေတဲ့ jiraက စိတ်မကောင်းသလို သက်ပြင်းချသည်
ကိုယ့်မျက်နှာပေါ် လှမ်းလာတဲ့ သူမလက်တွေကို နားမလည်သလိုကြည့်မိတော့ jiraက ခပ်နွမ်းနွမ်းလေး ပြုံးပြပြန်၏ ။

"မျက်ရည်တွေ ကျနေပြီ" တဲ့

ကိုယ့်ပါးကိုယ် ထိကိုင်မိတော့ လက်ချောင်းတွေဆီကို အရည်ကြည်တချို့ ကပ်ပါလာလေရဲ့..

"အာ..ငါ ငိုနေတာလား? သိတောင်မသိလိုက်ဘူး.."

နှစ်ယောက်လုံး ခပ်ဖွဖွရီရင်း အရှေ့ကိုပဲ မျက်နှာပြန်မူလိုက်မိကြသည်။ တွဲလောင်းချထားကြတဲ့ ခြေထောက်တွေကို အရှေ့အနောက် ယမ်းနေမိကြရင်း..ကိုယ်တို့နှစ်ယောက်လုံးရဲ့ ဆံပင်တွေက လေနဲ့အတူ ဝှေ့ယမ်းနေပြန်သည်။

I.N.S.A.N.E [ completed ]Where stories live. Discover now