"အခုလိုဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ?"
"တစ်လလောက်ပဲရှိအုန်းမယ်ထင်တယ်"
"နှာခေါင်းသွေးကရော အမြဲလျှံတတ်တာလား?"
"မဟုတ်ပါဘူး...ဒီရက်ပိုင်းမှပါ"
"အင်း"
စာရွက်ကြမ်းပေါ် ခပ်မြန်မြန်ရေးခြစ်လိုက်တဲ့ အင်္ဂလိပ်စာတန်းတွေက ခနအတွင်း စာရွက်တစ်မျက်နှာလုံးအပြည့် ပြန့်ကျဲသွားသည်။
နောက်...နှာခေါင်းပေါ် လျှောချထားတဲ့ ရွှေရောင်ကိုင်းမျက်မှန်လေးကို ပင့်တင်ရင်းမှ ဖောင်းအိအိ လက်ချောင်းလေးတွေက စားပွဲပေါ်မှာ တတောက်တောက်ခေါက်တယ်။
အင်း ။ ဒေါက်တာက လှတာထက် လေးစားမြတ်နိုးဖွယ်ပုံစံလေးပဲ..!
"ဆရာမ...ကျမ ရူးနေတယ်လို့ထင်လား?"
ဒေါက်တာက ရီသည်။ မှတ်စုစာအုပ်လေးကို လှန်လိုက်ရင်းမှ~
"အိပ်မက်ဆိုးတွေ မက်ရုံနဲ့တော့ မရူးပါဘူးကွယ်~
ပြီးတော့ တကယ်ရူးတဲ့သူတွေကလည်း သူတို့ကိုယ်တိုင် စိတ်ရောဂါဆရာဝန်ဆီ လာမပြတတ်ကြဘူးလေ"ကိုယ်တို့ နှစ်ယောက်လုံး တိတ်ဆိတ်သွားပြန်သည်။ စောစောပိုင်းက ကိုယ်ဖြေထားတဲ့ လတ်တလော အခြေအနေတွေကို ဆရာမပြန်ဖတ်နေတုန်း ကိုယ်လဲ အခန်းလေးထဲ ဝေ့ကြည့်နေလိုက်တော့သည်။
"ဒါဆို...ဒီ ၂နှစ် အတွင်းမှာ ပျော်စရာအိပ်မက်လေးတစ်ခုတောင် မမက်ခဲ့ဖူးတာလား သမီး?"
"Nae..."
ကိုယ် ခပ်ဖွဖွ ရီလိုက်ရင်း ဖြေမိတော့ ဒေါက်တာကလည်း ပြုံးပြုံးလေးနှင့် ခေါင်းညိမ့်သည်။
"ဆရာမကို သမီးအိမ်မက်တွေအကြောင်း ပြောပြချင်လား မေဘယ်လ်?"
အရှေ့ကဒေါက်တာရဲ့ စကားသံကို နားထောင်နေရင်းနဲ့ ကိုယ့်မျက်လုံးတွေက နံရံမှာ မြုပ်ထားတဲ့ မှန်ခန်းလေးထဲက ကူးခတ်နေတဲ့ ငါးလေးတွေဆီ ပျံ့လွင့်သွားပြန်သည်။
တကယ်ဆို အလှမွေးငါး မွေးတာကလည်း အကုသိုလ်ပဲမဟုတ်လား..? သူတို့ရဲ့ဘဝကို ဒီလို မှန်ခန်းကျဉ်းကျဉ်းလေးထဲမှာ ဘောင်ခတ်ထားတာမျိုးလေ..
YOU ARE READING
I.N.S.A.N.E [ completed ]
FanfictionIf u like to be alone or love someone in pain, just enjoy it!!! 💙