"ဒီရက်ပိုင်း ဘယ်လိုနေသေးလဲ?"
လက်ဖမိုးပေါ်ကနေ ထိုးဝင်သွားတဲ့ ဆေးရည်တွေကို ကိုယ်ငေးနေမှန်းသိတော့ ဆရာကင်မ်က သက်သက်စကားလွှဲပေးတယ်။
ဆေးအပ်အရာတွေရဲ့ဘေးပါမက လက်မောင်းအတွင်းဘက်သားတွေမှာရယ် လည်ပင်းညှပ်ရိုးအနားတွေမှာရယ် ပြီးတော့ ဗိုက်နဲ့ခါးတွေမှာရော ကြည့်ရဆိုးတဲ့ စိမ်းညို့ညို့အကွက်တွေက နေရာယူနေပြီ။
ဆရာက လက်ဖျံပေါ်က အညိုကွက်တခုကို ဖိပွတ်ကြည့်တယ်
"အရင်ကထက် များလာတယ် ဟုတ်လား?"
"Nae...နာတော့မနာပါဘူး"
ဆရာက သူ့ဝသီအတိုင်း ခပ်ပြုံးပြုံးနဲ့ ခေါင်းတညိမ့်ညိမ့်။ မနေ့ကမှ စစ်ယူထားတဲ့ သွေးအဖြေစာရွက်တွေကို လှန်လှောကြည့်ရင်းနဲ့ မျက်လုံးတွေက အရောင်အမျိုးမျိုးပြောင်းနေတယ်။ ကိုယ် နားမလည်ပေမယ့် စောဒကတက်ပြီး မေးမနေတော့ဘူး ။ ဖြစ်နိုင်တာက အရင်က လျော့လာတဲ့ သွေးဆဲလ်တွေကြောင့်ပဲနေမှာပေါ့။
ခနနေတော့ ကိုယ့်လက်မှာ သွေးအိတ်တွေလာချိတ်တယ်။ ဒီနေ့အတွက် ရေကြည့်ရင် သုံးအိတ်မြောက်ပဲ။ ခေါင်းနည်းနည်းမူးတယ်။ တခါတလေ ဗိုက်ထဲက တဆစ်ဆစ်နဲ့နာပြီး ပျို့မိတယ်။ ဒီလောက်ကတော့ ခံနိုင်တယ်ဆိုရမှာပဲ။
"ဒီတစ်ခေါက် အိမ်ပြန်လို့မရတော့ဘူးနော် သိတယ်မလား မေဘယ်လ်ရှိ"
"Nae...မပြန်တော့ပါဘူး ဆရာကလဲ"
ဆရာနဲ့တူတူရီဖြစ်တယ်။ ကိုယ် ဆရာနမ်ဂျွန်းကို ယုံပါတယ်။ ကံတရားကိုပဲမယုံတာ။ ဖေဖေဆေးရုံတက်နေတဲ့အချိန်တွေတုန်းကလည်း ကိုယ် ဆရာဝန်တွေ နပ်စ်တွေအားလုံးအပေါ်မှာ ဖေဖေ့ကိုပုံအပ်ပြီး အားကိုးခဲ့တာ။ ဒါပေမယ့် သိတဲ့အတိုင်းပဲ ဆေးပညာအရ အစားထိုးကုသလို့ရတဲ့ အသည်းကင်ဆာကို ကံတရားက အစားထိုးနိုင်ခွင့်လေးတောင် မပေးခဲ့တာမျိုး။
"ဆရာ...ထယ်ယောင်းရော? "
"ခုနက အခန်းအပြင်မှာ ထိုင်နေတာတွေ့တယ်
ဒီကောင် ဝင်မလာဘဲ ဘာလုပ်နေလဲမသိဘူး"ကိုယ်က လှဲအိပ်နေရသူမို့ တံခါးအပြင်ဖက်ကို သေချာမမြင်ရဘူး။ ဒီကောင်လေး ခုတလော ဘာဖြစ်နေမှန်းကိုမသိဘူး။ ဆေးရုံတက်ဖို့ လာခေါ်တုန်းကလဲ မျက်နှာက ချုံးချုံးကျလို့ သူကရောဂါသည်လား ကိုယ်ကရောဂါသည်လား။
YOU ARE READING
I.N.S.A.N.E [ completed ]
FanfictionIf u like to be alone or love someone in pain, just enjoy it!!! 💙