ကျယ်ပြန့်ထည်ဝါလှသည့် ထမင်းစားပွဲထက်ဝယ်၊ Jessicaဟာ laptopတစ်လုံးနှင့်အတူအလုပ်လုပ်ရင်း မနက်စာ coffeeနှင့်....။
"မမလေးTiffany ပြန်လာပြီလား...''
အိမ်တော်ထိန်းကြီး၏ နှုတ်ခွန်းဆက်သံနှင့်အတူ၊ အိမ်ရှေ့မှခြေသံ သဲ့သဲ့ကြောင့် Stephanieပြန်ရောက်လာပြီဆိုတာ သူမသိလိုက်ရသည်။
Jessicaလုပ်လက်စတွေကိုအပြီးသတ်ပြီး အိမ်ရှေ့ခန်းသို့ ထွက်ခဲ့၏။
သူမStephanieနှင့်စကားပြောကြဖို့လိုသည်။
ဟိုတနေ့က သူမတို့် ပြသနာဖြစ်ပြီးကတည်းက
Stepဟာထွက်သွားလိုက်တာ ယခုမှပြန်လာလေသည်။
"Step !...''
လေးတိလေးကန်ဖြင့် လှေကားပေါ်တတ်ဖို့ဟန်ပြင်နေသော ခြေလှမ်းတွေအား သူမခေါ်သံကြောင့် ဆောင့်ဆောင့်အောင့်အောင့်ပင်ရပ်တန့်သွား၏။
" ဘယ်တွေလျောက်သွားနေတာလဲ''
Stephanieက ပြန်မဖြေ စုတ်သပ်သပ်နှင့် ခေါင်းကုတ်ကာ အပေါ်ထပ်သို့ ဆက်တက်သွားသည်။
ထိုသို့အပြုအမူမျိုး၊ သူမအား အလေးမထားသောအပြုအမူမျိုး၊ သက်ရှိလူတစ်ယောက်လို့တောင် မသတ်မှတ်သည့်အပြုအမူကိုJessicaသဘောမကျ။
ထိုခလေးဟာလည်း သူမ မကြိုက်သည်များကိုသာ တမင်ရွေးလုပ်သည်။
သူမStepနောက်ကိုလိုက်သွားသည်။
အခန်းတံခါးဖွင့်ဖို့ပြင်နေသော Stepလက်တစ်ဖက်အား သူမလှမ်းဆွဲထားလိုက်သည်။
"ငါမေးနေတယ်လေStephanie! ၂ရက်လုံးဘယ်တွေသွားနေတာလဲ''
Step 'ကျစ်' တစ်ချက်စုတ်ပြီး၊ မျက်စောင်းစိမ်းစမ်းဟာ သူမဆီသို့။
"ငါ့ဟာငါ ဘယ်သွားနေနေ ရှင့်ကိစ္စမဟုတ်ဘူး''
Stephanie၏ တစိမ်းဆန်ဆန် စကားတွေဟာ ရင့်သီး၏။ ခါးသက်၏။ သို့ပေမယ့် ထိုစကားတွေကိုလည်း သူမကတော့နေသားကျနေပြီ။
YOU ARE READING
Bitterish...
Fanfictionလွတ်မြောက်ခြင်းကို ခံစားပါ... ငါမနေတဲ့အရပ်မှာ မင်းတောက်ပ ပါစေ🌟
