Ep (14)

945 106 8
                                    





ကိုယ်​လိုရာ ဆု​တောင်းဖို့
ကြယ်​​တွေကိုလည်းမ​ကြွေ​စေချင်​....။



"မ​နေ​တော့ပါဘူး'' တဲ့
ကြယ်​ဟာ​ကြွေ​တော့မယ်​.....။
နေဦး...​ဟေး.....
ကိုယ်​စကား​တွေမ​ပြောလိုက်​ရ​သေးဘူး​လေ... ​ဟေး......။





ကြယ်​​တွေဟာ အ​မှောင်​မှာသာ​တောက်​ပနိုင်​သတဲ့....။

ငါ့ဘဝ​မှောင်​မိုက်​ချိန်​​တွေမှာ 
တောက်​ပ​ပေးခဲ့တဲ့ကြယ်​က​လေး​ရေ.....
ကြယ်​က​လေး​ရေ....လို့
ငါ့ကိုကြည့်​ပါဦး...လို့
ငါ့ကိုဂလဲ့စားပြန်​​ချေ​နေတာလား....
မမြင်​ချင်​​ယောင်​ပြန်​​ဆောင်​ပြ​နေတာလား....
ကြယ်​က​လေး​ရေ....လို့......။





လှည့်​မကြည့်​ခဲ့တာမဟုတ်​ဘူး...
ငါက ​ကောင်းကင်​ရဲ့အရိပ်​​မှောင်​​အောက်​မှာ
ကြယ်​ကိုမမြင်​ချင်​​ယောင်​​ဆောင်​ခဲ့မိတဲ့ လမင်း...။

...................................








ငို​နေတာလား Stephanie....။

Stephanie​ရေ ငို​နေပါသလား....။
ကိုယ့်​​ကြောင့်​ လူတစ်​​ယောက်​ထပ်​ဆုံးရှုံးရမှာ​ကြောက်​​နေတာလား...။
ရူးမိုက်​လိုက်​တဲ့Stephanieရယ်​။
အနားမှာရှိ​နေတုန်းက​တော့ အတ္တ​တွေတစ်​နင့်​တစ်​ပိုးနဲ့ ဥ​ပေက္ခာ​ဖော​ဖောသီသ်ီပြုခဲ့ပြီး။
လာ​ကြောက်​ပြ​နေရသလား.... ။


ကျွတ်​...ကျွတ်​....သနားဖို့​ကောင်းလိုက်​တဲ့Stephanieရယ်​။
နောင်​တ​တွေထဲမှာဘဲနစ်​မွန်း​နေရှာ​တော့မယ်​....။

ဘုရားသခင်​ကိုလည်းဘာမှအားကိုးဆု​တောင်းမ​နေနဲ့Stephanie။
ဒါနင့်​အပြစ်​​တွေ....
နင်​ကျူးလွန်​ခဲ့တဲ့ အပြစ်​​တွေ.....။



............


ခွဲစိတ်​ခန်း​ရှေ့ လူနာ​စောင့်​ထိုင်​ခုံ​ပေါ်၌ ကျုံ့ကျုံ့​လေးထိုင်​လျှက်​ ဒူး​ကွေး​ပေါ်မျက်​နှာအပ်​ရင်း တစ်​သိမ့်​သိမ့်​ငို​နေ​သောStephanie...။

Stephanieငို​နေတယ်​.....။

တ​လောက Stephanie​နေ့နဲ့ည ဒိတ်​​ပျောက်​ပြီး၊ အိပ်​​ရေး​တွေပျက်​ခဲ့တာများတဲ့အခါ။
သူမဦး​နှောက်​အခန်း​တွေဟာလည်းပုံမှန်​အလုပ်​မလုပ်​ခဲ့တာဖြစ်​မည်​။
သူမအ​တွေး​တွေထဲမှာ Ms Jungနှင့်​ SooYeonဟာတစ်​ထပ်​တည်းကျ​နေခဲ့ပြီး၊ Sooyeonကိုလည်း Ms Jungဟုမြင်​​နေခဲ့ခြင်း။ စိတ်​​တွေ၊ အ​တွေး​တွေရှုပ်​​ထွေးလာသည့်​အခါမျိုးမှာ SooYeonဟာ Ms Jungချန်​ခဲ့တဲ့တစ်​စုံတစ်​​ယောက်​၊
သူမအား တန်​ပြန်​ခံစား​ရေ​စေဖို့Ms Jungထားရစ်​ခဲ့​သောလူတစ်​​ယောက်​အဖြစ်​၊ ထိုက​ယောက်​​ခြောက်​ခြား အ​တွေးများကသူမ​ခေါင်းထဲကြီးစိုးလာသည်​။
ထိုသို့်​ သူမအာရုံ​တွေထဲအရာရာဟာရှုပ်​​ထွေးလာခဲ့ပြီး SooYeonအား ​အော်​ခဲ့မိခြင်းဖြစ်​သည်​။

Bitterish...Where stories live. Discover now