ကျွန်မက နေရောင်မလိုပဲ
ရှင့်အပြုံးတွေနဲ့ပွင့်တော့မယ့်နေကြာ။......
"Oh God! ရှင် ကျွန်မမီးဖိုချောင်ကိုဖျက်စီးမလို့တော့မဟုတ်ပါဘူးနော် Ms Jung''
ဖော့လက်အိတ်ဝတ်ထားတဲ့ လက်တစ်ဘက်မှာ သံယောင်းမကိုကိုင်ပြီး အိုးအဖုံးကိုတစ်ဖက်က ဒိုင်းကာသဖွယ်လုပ်နေသောသူက ကျွန်မဘက်ကိုလှည့်၍သွားတွေပေါ်အောင်ရယ်ပြသည်။
Ms Jung ဘယ်တုန်းကမှ ထမင်းဟင်းမချက်ခဲ့ဘူးဆိုတာ ကျွန်မမေ့သွားတယ်။
ညှော်နံ့ကြောင့်အိပ်ရာမှ ကမန်းကတန်းထလာရ၍ မဖြီးမသင်ရသေးသော ဆံပင်တွေကို ကျွန်မလက်နဲ့ထိုးကုတ်ပြီးနောက်
မီးဖိုခလုတ်ကိုဦးစွာပိတ်လိုက်ရသည်။"ရှင် ဖယ်ပါ။ ကျွန်မဆက်လုပ်လိုက်မယ်''
သူ့လက်ထဲက ယောင်းမကိုဆွဲယူတော့။ သူကရယ်နေသည်။
"Sorry Tiff။ ကူညီချင်ပေမယ့် ငါနှောက်ယှက်သလိုဖြစ်သွားတယ်''
"ရှင်ကအနှောက်အယှက်ပဲလေ Ms Jungရယ်''
ကျွန်မတိုးဖွဖွရေရွတ်လိုက်သည်ကို ထွက်သွားတဲ့သူကတော့ ကြားလိုက်သလား မကြားလိုက်လားမသိ။
ညတုန်းက စကားပြောကြရင်းမိုးချုပ်သွားသည့်အပြင် မိုးတွေလည်းသည်းနေခဲ့တော့ Ms Jungကို အိမ်မှာပဲအိပ်ဖို့ခေါ်ထားဖြစ်ခဲ့ခြင်းဖြစ်၏။
Ms Jungက အရင်လောက်တဇွတ်ထိုးမဆန်ပဲပိုတည်ငြိမ်လာပြီး၊ ပျော်တတ် ပြုံးတတ်လာသည်။ပေါင်မုန့်ကြက်ဥကြော်ပန်းကန်ကိုယူလာသောသူမအား Ms Jungဟာ မေးထောက်လျှက် တောက်လျှောက်လိုက်ကြည့်နေခဲ့သည်။ နှုတ်ခမ်းများကပြုံးစစ။
"ဘာလို့အဲ့လိုကြည့်နေတာလဲ။ ကျွန်မမျက်နှာမှာတစ်ခုခုပေနေစွန်းနေလို့လား''
သူကရယ်ကျဲကျဲနှင့်ခေါင်းခါ၏။
"မဟုတ်ဘူးStep။ မျက်နှာတင်မဟုတ်ဘူး မင်းတစ်ကိုယ်လုံးမှာပေကျန်နေတာ''
YOU ARE READING
Bitterish...
Hayran Kurguလွတ်မြောက်ခြင်းကို ခံစားပါ... ငါမနေတဲ့အရပ်မှာ မင်းတောက်ပ ပါစေ🌟