ဒါဟာပြီးပြည့်စုံခြင်းတော့မဟုတ်ခဲ့ပါဘူး
ကောင်းကင်မှောက်အောက်မှာ
ပျော်နေကြတဲ့ လမင်းရယ် ကြယ်ကလေးရယ်
ဒါကို ရပ်တန့်ငေးမောနေခဲ့တဲ့ကောင်းကင်ရယ်....။ပျော်ရွှင်ရလဒ်အတွက်ပေးဆပ်လိုက်ရခြင်းဟာ
လူတစ်ဦးရဲ့မျက်ရည်တွေ၊ နာကျင်မှုတွေ
မင်းပျော်ပါစေကွယ်....။လမင်းလေးသာပျော်နေရင်
ကောင်းကင်ဟာလည်းပြုံးနိုင်ပါရယ့်....။..................
"Stephanie....''
"သမီးလေး...Sooyeonလေး သတိရပြီ!
Doctorရေ...Doctorရေ ကျွန်မသမီးလေးသတိရလာပြီ!...''ပထမဦးစွာSooyeonမျက်လုံးထဲဝေဝါးစွာဝင်ရောက်လာသည့်အလင်းရောင်စူးစူး၊ သူမမျက်လုံးတွေကိုတစ်ဖန်ပြန်မှိတ်လိုက်သည်။
နောက်ထပ်ဖွင့်ကြည့်သည်။"Sooyeon...သမီးလေး''
ပြာပြာသလဲခေါ်နေသံလာရာဆီသူမဖြေးဖြေးလှည့်ကြည့်လိုက်တော့...
"Mommy....''
ထိုအမျိုးသမီးကြီးဟာ Sooyeonကိုဖက်လိုက်ပြီး
"Sooyeonလေးရယ် မသေကောင်းမပျောက်ကောင်း''
Mommyဖက်လိုက်တဲ့အရှိန်ကြောင့်Sooyeonခန္ဓာကိုယ်မှာဆစ်ကနဲနာသွား၏။
"အာ့...''
နောက်မှ သူမဘေးပတ်လည်ကိုဝေ့ကြည့်လိုက်သည်။
ဆရာဝန်နှင့် nursesတွေက သူမကိုပြုံးပြနေပြီး၊ သူမက ဆေးရုံကုတင်ပေါ်မှာ....
"ကျွန်တော်တို့ လူနာကိုစစ်ဆေးကြည့်မယ်နော်...''
ဆရာဝန်နှင့် nurseတွေ Sooyeonအားစစ်ဆေးစရာရှိသည်များကိုစစ်ပြီး အခန်းထဲမှပြန်ထွက်သွားကြပြီ။
Sooyeonမှာ သူမဘာတွေဖြစ်ခဲ့ပြီး ဆေးရုံကိုမည်သို့ရောက်လာသည်များကို အကြိတ်အနယ်စဉ်းစားနေရ၏။

YOU ARE READING
Bitterish...
Fanficလွတ်မြောက်ခြင်းကို ခံစားပါ... ငါမနေတဲ့အရပ်မှာ မင်းတောက်ပ ပါစေ🌟