ပုံပြင်တစ်ပုဒ်ပြောပြပါ.....။
ကမ္ဘာပေါ်မှာ အဓိပ္ပါယ်အမဲ့ဆုံးပုံပြင်ရဲ့ဇာတ်သိမ်းက
ကောင်းကင်နှင့်ပင်လယ် ပေါင်းစည်းသွားကြလေသတည်းတဲ့
လူလိမ်တွေဟာ ဘယ်လောက်တောင်ဉာဏ်ကောင်းလိုက်သလဲ။မတည်နိုင်တော့သောကတိတွေကိုမျှော်လင့်ရင်း
မရုန်းနိုင်သေးတဲ့အတိတ်တွေထဲမှာ
ကိုယ့်ကိုယ်ကိုယ်ပြန်ရှာဖွေဖြစ်တယ်..... ။
မဖြစ်နိင်တော့ခြင်းတရားတွေကို တောင်းတရတာဟာ
ဝဋ်ကြွေးတစ်ခုသာဆိုရင်.........
ရှင်ဟာ တမ်းတရူးသွပ်ဖွယ် ဝဋ်ကြွေးလေးတစ်ခုပါဘဲMs Jung.....
အတိတ်ဟာသိပ်ပြီး မလှပခဲ့ပေမယ့်......။မုန့်ပေးချော့လို့ အငိုတိတ်သွားတဲ့ ကလေးလေးတွေကိုမြင်ရင်
အတိတ်က ကိုယ့်ကိုယ်ကိုယ် သတိရတယ်။
ကျွန်မက သိပ်အယုံလွယ်တာ....။ရှင်မနေတော့တဲ့ကောင်းကင်အောက်မှာ
ရှင်မဟုတ်တဲ့လူတစ်ယောက်နဲ့
ကျွန်မ မပျော်ချင်ပါဘူး....။
ပင်လယ်တွေက သစ္စာရှိတယ်Ms Jung။..............
"Stephanie.....''
ရှင်နဲ့များ ခပ်ဆင်ဆင်တူတဲ့ခေါ်သံကြားရင်
ကျွန်မစိတ်ထဲ ရှင်မရှိတော့ဘူးဆိုတဲ့အသိကိုအရင်ထည့်ရတယ်။
ဒါဟာလည်း သေဆေးတစ်မျိုးပါဘဲ။
ကျွန်မက ကိုယ့်စိတ်ကိုကိုယ် ညှင်းသတ်တယ်။"Ms....အမ်း...SooYeon''
ကောင်တာပေါ်မှာလက်တင်ပြီး ကျွန်မကို ပြုံးဖြီးဖြီးကြည့်နေတဲ့ အမျိုးသမီးဟာ ရှင်သာဖြစ်ခဲ့ရင်ဆိုတဲ့အတွေးမျိုး ခဏခဏတွေးခဲ့ဖူးတာ။
"အဟဲ....Stephanieက ကိုယ်တွေနာမည်ကိုမှတ်မိသားဘဲ''
Sooyeonကို သူမပြန်ပြုံးပြမိလား မပြုံးမိဘူးလားမသိ။
SooYeonရှေ့များရောက်ရင် Stephanieဟာ စိတ်နဲ့လူနဲ့ကို မကပ်တော့ဘူး။"Stephanie ခဏလောက်အချိန်ရမလား၊ ကျွန်မ စကားလေးနဲနဲပြောချင်လို့''

YOU ARE READING
Bitterish...
Fanfictionလွတ်မြောက်ခြင်းကို ခံစားပါ... ငါမနေတဲ့အရပ်မှာ မင်းတောက်ပ ပါစေ🌟