မြင်နေရုံလေးပဲ
နီးလာဖို့လက်လှမ်းလိုက်ခါမှဝေးသွားကြတဲ့ကြယ်တွေကို
ငါသဘောမကျဘူးStephanie
အနီးဆုံးမှာရပ်နေပေမယ့်
ထိတွေ့လို့မရတဲ့လေပြေတွေပါပဲ...။
တစ်နေ့တော့နီးကြမယ်နော်
တိမ်စိုင်တွေကိုငါယုံပါတယ်.....။
လေပြေတွေဖြတ်တိုက်သွားတဲ့အခါ.....
မျှော်လင့်ချက်ဆိုတာအနင်းခံဖို့ကြွေကျရတဲ့
သစ်ရွက်ကလေးမှ မဟုတ်တာ...။................
"အဆင်ပြေရဲ့လားSooYeon''
ချိုင်းထောက်တစ်ဖက်နှင့်SooYeonကို လက်မောင်းတစ်ဖက်မှထမ်း၍ Stephanieကထိန်းပေးနေသည်။
ထိုညနေခင်းက နေလည်းမသာသလို တိမ်တွေလည်းညို့မနေပါ။
ဆေးရုံရဲ့ပန်းခြံထဲတရွေ့ရွေ့လမ်းလျောက်နေကြတယ့်လူနွေရယ်။
ပြေးလွှားဆော့နေကြတဲ့ ဆေးရုံဝတ်စုံနဲ့ကလေးလေးတွေရယ်။ကလေးလေးတွေ။ သူတို့လေးတွေရဲ့အနာဂါတ်ကရော ဆေးရုံမှာပဲဆေးတွေနဲ့ရုန်းကန်ရင်း ပြီးဆုံးသွားကြမှာလား။
ပြေးလွှားနေတဲ့ကလေးတွေဆီ SooYeonလှမ်းကြည့်ရင်းပြုံးနေတော့ Stephanieကပါလိုက်ကြည့်တယ်။"ကလေးတွေချစ်တတ်လား''
"ဟင့်အင်း ''
SooYeonကလေးတွေမချစ်ပါဘူး။ ဒါပေမယ့် သူတို့လေးတွေရဲ့အပျော်ကSooYeonဆီကူးစက်လာတာဖြစ်လိမ့်မယ်၊ ဒါမှမဟုတ် မေမေတွေ ဖေဖေတွေနဲ့အတူတူကစားနေကြတဲ့ ကလေးလေးတွေကို SooYeonအားကျမိတာလည်းဖြစ်လိမ့်မယ်။
SooYeonမှာမဖေမရှိဘူး၊ မေမေ့ဆီကလည်းမေတ္တာလည်း မရခဲ့ဖူးဘူး၊ Mommy Sunnyကြောင့်သာ ဒီအချိန်အထိသူမကောင်းကောင်းမွန်မွန်ကြီးပြင်းလာခဲ့တယ်။
သူမရဲ့ဖေဖေအကြောင်း မေမေကဘာလို့သူမအပေါ်အမြင်မကြည်ရတာလဲဆိုတဲ့အကြောင်းတွေ မေးကြည့်တဲ့အခါ Mommy Sunnyကမဖြေနိုင်ဘူး...။"ငါကလေးလေးတွေကိုအားကျလို့ ''
"ဟင် ''

YOU ARE READING
Bitterish...
Fanfictionလွတ်မြောက်ခြင်းကို ခံစားပါ... ငါမနေတဲ့အရပ်မှာ မင်းတောက်ပ ပါစေ🌟