Ep (16)

876 108 14
                                    


မိုး​သောက်​ချိန်​ကို​မျှော်​တဲ့ ညဉ့်​ငှက်​က​လေး​တွေ...
နံနက်​ခင်း​မှာပွင့်​လန်းဖို့နိုးထလာတဲ့အခါ
လူတစ်​​ယောက်​ဟာ ဘဝမှာချစ်​ခြင်း​နဲ့တစ်​ကြိမ်​သာကြုံရမယ်​လို့ဘယ်​သူ​ပြောသလဲ....။
ဒီ​နွေကုန်​ရင်​မြက်​ပင်​​လေး​တွေလည်းပြန်​ရှင်​သန်​လာကြဦးမှာ....၊

.......


"အဲ့ဒီ​တော့ နင်​ဘယ်​လိုလုပ်​မယ်​စဉ်းစားလဲ Stephanie''

Yoonaကမ်း​ပေးသည့်​ tissueနှင့်​ Stephanieမျက်​ရည်​​တွေကိုသုတ်​လိုက်​သည်​။

"သူ့ကိုသာ Ms Jungလိုမျိုးထပ်​ဆုံးရှုံးလိုက်​ရရင်​ ငါ​သေမလားမသိဘူး Yoon။ မ​သေ​တောင်​ ငါရူးသွားမယ်​ထင်​တယ်​...။
ငါ တူညီတဲ့အမှားမျိုး​တွေထပ်​မှားမိ​တော့မလို့....''

"နင်​မမှားပါဘူး Stephanie။ နင့်​ကိုယ်​နင်​လည်းအပြစ်​​တွေတင်​မ​နေနဲ့၊ အရာရာက ကံတရားစီမံတဲ့အတိုင်းပဲ ဖြစ်​ချိန်​တန်​လို့ဖြစ်​ခဲ့ကြပြီးပြီ.. ။ နင်​​ရှေ့​လျောက်​ ဘယ်​လိုဆက်​သွားမလဲပဲစဉ်းစား...။ နင့်​ရင်​ထဲက ဆန္ဒအတိုင်း​ရှေ့ဆက်​မှာလား...ဒါမှမဟုတ်
နင့်​စိတ်​ကိုယ်​နင်​နှိပ်​စက်​ရင်း ထပ်​ထွက်​​ပြေး​နေဦးမှာလား..''

အားလုံးကို​ကျောခိုင်းပြီး ထွက်​သွားလိုက်​ချင်​တယ်
ဘယ်​ဆီ​ပြေးရမလဲကွယ်
သက်​တန်​​တွေရဲ့အဆုံးက သူရှိတဲ့​နေရာဆီလား
ဒါမှမဟုတ်​ တို့နဲ့အနီးဆုံး မင်းရင်​ခွင်​ဆီလား....

.............................

အဲ့ဒီ​နေ့က Stephanie..Sooyeonဆီသွား​တွေ့ခဲ့သည်​။

....

Receptionistမှာ SooYeon၏ အခန်းနံပါတ်​ကိုစုံစမ်းခဲ့သည်​။
SooYeon၏ အခန်း​ရှေ့​ Stephanieတံခါး​ခေါက်​ဖို့ တုန်​ယင်​​နေ​သောလက်​များကို လက်​သီးဖွဖွစုပ်​ကာ ​လေပူတစ်​ချက်​ကိုပြင်းပြင်းမှုတ်​ထုတ်​၍ စိတ်​ကိုတင်းလိုက်​သည်​။

နောက်​ပြီး အခန်းတံခါးကိုအသာ​ခေါက်​လိုက်​သည်​။

အရပ်​ပုပုနှင့်​ခပ်​​ချော​ချော အမျိုးသမီးကြီးတစ်​​ယောက်​တံခါးလာဖွင့်​၏ ထိုသူမှာ SooYeonကို​ဆေးရုံပို့သည့်​​နေက​တွေ့ခဲ့​သော SooYeon၏ အ​မေဆိုသူပင်​။

Bitterish...Where stories live. Discover now