မင်းဟာ လှောင်ချိုင့်ရဲ့ လှုံခြုံနွေးထွေးခြင်းကိုမမြင်နိုင်ရှာတဲ့
မလိမ်မိုးမလိမ်မာ ငှက်ငယ်...။
အမှောင်တွေဖုံးလို့ စုံလုံးကမ်းနေရှာတဲ့ငှက်ကလေးဟာ
လှောင်ချိုင့်ရဲ့ အက်ကွဲရခြင်းတွေကိုလည်း မသိနိုင်ရှာခဲ့ဘူးတဲ့................
"ဖြောင်း...!''
Daddy၏ လက်သီးသည် ဖူးရောင်နေသော သူမ၏ဘယ်ဘက်ပါးပြင်သို့ထပ်မံဒဏ်ခတ်လိုက်ပြန်သည်။
ထို သုံးချက်မြှောက်၌ သူမဆက်၍တောင့်မခံနိုင်တော့ ခွေယိုင်လဲကျသည်။
" ပြန်ထစမ်း Jessica!!....နင်လူသတ်လိုက်တုန်းက ဒီလိုသတ္တိမျိုးနဲ့လား! ဟမ်! ဘာတဲ့ မိန်းမတစ်ယောက်အတွက်နဲ့ လူသတ်ရဲတဲ့ငါ့သမီး! သိပ်ကိုသွေးကြွနေတယ်ပေါ့လေ ဟုတ်လားJessica! နင်က နင့်အမေအချိုးအတိုင်းဘဲလာတာ!!''
သူမDaddyရှေ့ မတ်မတ်ပြန်ရပ်လျှက် ခေါင်းကိုငုံ့ထားရသည်။
သူမအား ထောင်နှုတ်ခမ်းဝမှကယ်ထုတ်ပေးခဲ့ရ၍ ကုန်ဆုံးသွားသည့်ငွေအရင်းအနှီးတွေ၊Daddyဒေါသတွေအတွက် သူမဟာစိတ်ဖြေစရာ သဲအိတ်တစ်ခုသာသာ။
ငွေဟာ လူ့အသက်ပေါင်းများစွာကို အမှန်တကယ်ပင်နှုတ်ယူနိုင်စွမ်းရှိ၏။
သူမလုပ်ခဲ့မိတဲ့အပစ်အတွက် ရဲစခန်းမှာကိုယ်တိုင်ဖြောင့်ချက်ပေးပြီးအဖမ်းခံခဲ့သည်။ သို့ပေမယ့် Daddyရဲ့ ဂုဏ်ပကာသနတွေကို မထိပါးစေဖို့ သူမဟာထောင်ကျလို့မဖြစ်၊ ထို့ကြောင့်သာDaddyသည် ငွေအကုန်အကျခံရင်းနီးကာ သူမအားကယ်ခဲ့ခြင်းဖြစ်သည်။
"Daddy ကျွန်မကို ကြိုက်သလိုရိုက်ပါ၊ Mommyကိုအပစ်မတင်ပါနဲ့တော့''
"တော်စမ်း Jessica! နင့်ကိုလူမမယ်အရွယ်ကလေးတည်းက ပစ်ပြီး မိန်းမတစ်ယောက်နောက်ကောက်ကောက်ပါအောင်လိုက်သွားတဲ့ နင့်အမေဘက်ကကာမပြောစမ်းနဲ့!''
YOU ARE READING
Bitterish...
Fanfictionလွတ်မြောက်ခြင်းကို ခံစားပါ... ငါမနေတဲ့အရပ်မှာ မင်းတောက်ပ ပါစေ🌟