ရွက်ခြောက်ဟာ ပင်မြင့်ပေါ်မှကြွေကျခြင်းနည်းနဲ့
ပစ်ပယ်ခံရတဲ့အခါ
လေပြေကပါ ခါးခါးသီးသီးပုတ်ထုတ်လိုက်တယ်
သူလည်းကိုယ့်ကိုမခုံမင်လို့ဖြစ်မယ်
ပန်းကလေးဟာ ကိုယ်မှမဟုတ်ပဲကွယ်...။
မင်းနင်းလျှောက်မယ့်မြေနီလမ်းပေါ်က
ရွက်ကြွေလေးအဖြစ်နဲ့ပဲ သေဆုံးလိုက်ချင်တယ်။.........
"SooYeonက ဘာမှမသိဘူး''
Erika ဝင်လုဆဲဆဲ နေရောင်ဖျော့ဖျော့ကိုမော့ကြည့်ရင်း စီးကရက်ကိုဖွာသည်။
"ဘာမှမပြောပြခဲ့ဘူးမဟုတ်လား''
Jessicaလည်း မီးညှိပြီးစ စီးကရက်ကိုတစ်ချက်ရှိုက်ရင်း
"ဘာလို့မပြောပြသလဲဆိုတာသိသင့်သလောက်သိနေတာမို့လို့ အကြောင်းပြချက်ကိုမမေးတော့ဘူး''
Jessicaလည်းErikaနည်းတူ ကောင်းကင်ကိုငေးခဲ့သည်။
ဝင်လုဆဲဆဲနေရောင်နီနီကိုငေးနေမိသလား တဖြုတ်ဖြုတ်ကြွေကျနေတဲ့သစ်ရွက်တွေကိုပဲငေးမိသလားတော့မသိ။"Omma...SooYeonသိသင့်တယ်လို့မထင်ဘူးလား။
ကျွန်မသူနဲ့တွေ့ပြီး အကုန်ပြောပြလိုက်တော့မလို့''"မဖြစ်ဘူး!''
Erikaကရုတ်ချည်းဆိုသလိုကန့်ကွက်သည်။
"ဘာလို့လဲ။ Daddyကို ခွင့်မလွှတ်နိုင်သေးဘူးလားOmma။
ဒီလောက်နှစ်တွေအများကြီးကြာသွားတာတောင် Ommaရဲ့ မာနတွေ အတ္တတွေကိုမလျှော့နိုင်သေးဘူးထင်တယ်။ ''Jessicaက ပြုံးနေကျအတိုင်း ခပ်ထေ့ထေ့ပြုံးပြန်သည်။
Erikaဟာ တွေဝေစဉ်းစားသွားပုံရ၏၊"ထားပါ၊ စိတ်တွေမလျှော့နိုင်လည်း။
လျှော့တာမလျှော့တာကOmnaကိစ္စပဲလေ။
ကျွန်မက သနားစရာကောင်းတဲ့ ညီမလေးကိုခေါ်သွားပြီး အမတစ်ယောက်အနေနဲ့ Ommaဆီမှာထက်ပိုပျော်အောင်ထားပေးမယ်''

YOU ARE READING
Bitterish...
Fanficလွတ်မြောက်ခြင်းကို ခံစားပါ... ငါမနေတဲ့အရပ်မှာ မင်းတောက်ပ ပါစေ🌟