မနီးတော့ဘူးဆိုပေမယ့်
မဝေးသောအရပ်မှာ မျှော်နေချင်ပါသေးတယ်
ခပ်လှမ်းလှမ်းကပဲရပ်နေပါ့မယ်
မင်းက ရှေ့တိုးလာရင်လည်းဖြစ်တယ်
ထွက်သွားလို့လည်းရပါတယ်...။.....................
"ဒီနေ့ဆိုင်စောစောမသိမ်းဘူးလား ''
"ဟင့်အင်း...ဘာလို့လဲ?''
စက်ထဲ ကော်ဖီစေ့တွေထည့်ရင်း မေးလာတဲ့ Millie ကိုStephanie တစ်ဆက်တည်း မေးခွန်းပြန်ထုတ်လိုက်သည်။
"ဒီနေ့ SooYeon ဆေးရုံကဆင်းမှာမလား၊ သွားမကြိုဘူးလားလို့''
"SooYeonက သူ့ကိုလာမကြိုတော့နဲ့လို့ ခုနကလေးတင်ဖုန်းဆက်တယ် Millie''
"SooYeonက ဆေးရုံကဆင်းဆင်းချင်း နင့်ဆီက ငြင်းမယ့်အဖြေကိုမကြားချင်ဘူးထင်တယ်''
Millieရဲ့ ရုတ်တရာစကားက Stephanieလက်ထဲမှ ဖျော်လက်စကော်ဖီခွက်တွေကိုရပ်တန့်သွားစေသည်။ မျက်လုံးအပြူးသားနှင့် Millieကိုလှမ်းကြည့်တော့ Millieကပြုံးသည်။
"မအံ့သြနဲ့Stephanie၊ နင်SooYeonကို မချစ်တာ၊ သဘောမကျတာက နင့်မျက်လုံးတွေထဲမှာပေါ်နေတယ် အဲ့တာကို ငါလည်းသိသလို SooYeonလည်းသိပါလိမ့်မယ်။
အကယ်၍ နင်အကြောင်းကြောင်းကြောင့်SooYeonကိုလက်ခံလိုက်တယ် ဆိုရင်တောင်မှ နင်သူ့ကိုမချစ်တာ အမှန်တရားပဲ''Stephanieက ကော်ဖီခွက်ကိုငိုင်ငိုင်ကြီးစိုက်ကြည့်သွားသည်။
SooYeonကို လက်ခံပြီး ချစ်ကြည့်ဖို့ တွေးထားပြီး၊ အားလုံးကိုမေ့ပြီးSooYeonနဲ့အတူတူ ဘဝလေးတည်ဆောက်ကြဖို့။ အခုမချစ်တောင် နောင်တော့သံယောဇဉ်နဲ့ချစ်လာမှာပါဆိုပြီး အဲ့ဒီစိတ်လေးတွေနဲ့။ SooYeonကိုရွေးချယ်လိုက်ဖို့ဆုံးဖြတ်ပြီးသားဖြစ်နေခဲ့သည်။
...............
ည ကား အချိန် ၉နာရီတည်းပြိးဖြစ်၍ Coffeeဆိုင်လေးမှာ လူတွေအားလုံးရှင်းသွားပြီဖြစ်သည်။ Stephanieက ကောက်တာစားပွဲခုံကိုသန့်ရှင်းရေးလုပ်ပြီး ဆိုင်ပိတ်ဖို့ပြင်ဆင်နေ၏။ အပြင်မှာတော့မိုးတွေဖွဲဖွဲ ရွာနေသည်။

YOU ARE READING
Bitterish...
أدب الهواةလွတ်မြောက်ခြင်းကို ခံစားပါ... ငါမနေတဲ့အရပ်မှာ မင်းတောက်ပ ပါစေ🌟