တစ်ဖက်တည်းတီးနေရတဲ့လက်ခုပ်တွေ
ညောင်းလာတဲ့အခါ
နေမပျော်လို့ကြွေချင်ရှာတဲ့ရော်ရွက်ကလေးကိုလည်း
ဖမ်းဆုပ်ထားဖို့မကြိုးစားချင်တော့ဘူးကွယ်.....
ကံတရားဟာမင်းဘက်ကိုမျက်နှာသာပေးခဲ့ပါရယ့်ရွက်ကြွေ
လွတ်လပ်ခြင်းအရသာကိုခံစားပါ
ပျော်ရွှင်စွာကြွေလွင့်ပါ....
ငါမနေတဲ့အရပ်မှာမင်းပျော်ပါစေ....။
ပျော်နေပါစေပေါ့ ရွက်ကြွေရေ....
ငါမတောင်းခဲ့လည်းဘဲ မင်းအဖို့ပြည့်နှင့်ပြီးသားဆုတွေ..........................
"ငါ မင်းကိုပြောစရာရှိတယ်Stephanie''
ဒါဟာ သူမတို့ရှေ့က ခါးသက်သက်ကော်ဖီခွက်တွေ အေးစက်သွားသည်အထိ ကိုယ့်အတွေးနှင့်ကိုတိတ်ဆိတ်စွာထိုင်နေခဲ့ကြပြီးနောက် Jessicaဘက်မှစလိုက်သော စကားဖြစ်၏။
လမ်းမပေါ်က တစ်စီးပြီးတစ်စီးဖြတ်ပြေးသွားသည့်ကားတွေစီ
မှန်တံခါးပေါက်မှလှမ်း၍ငေးနေဆဲဖြစ်သည့် Stephanieဟာ သူမဘက်လှည့်မကြည့်ခဲ့သလို။
သူမသည်လည်းဘဲ ကော်ဖီမြှုပ်တွေမှာပုံဖော်ထားသည့်မေပယ်ရွက်ပုံလေးကိုသာ တွေတွေငေးစိုက်နေမြဲ။"ငါမင်းကို တောင်းပန်ချင်တယ် Stephanie။ နောက်ပြီး မေးစရာလည်းရှိတယ်''
သူမ သက်ပြင်းငွေ့ငွေ့ကိုမှုတ်ထုတ်ပြီးနောက် ၊သူမစကားတွေကို မကြားသလိုပုံစံမျိုး၊သူမကို ရှိမနေသလိုပုံစံမျိုးနှင့် လမ်းမတစ်ဖက်ကိုသာငေးနေသည့် Stephanieဆီ ဆွေးဆွေးမြေ့မြေ့ငေးကြည့်ဖြစ်သည်။
ဒုတိယအကြိမ်မြောက် အပူလုံးကိုသူမပြင်းပြင်းမှုတ်ထုတ်လိုက်သည်။
"မင်းအနားမှာ ငါမရှိတော့ရင်...
မဟုတ်သေးဘူး ငါမင်းကိုကွာရှင်းပေးရင် မင်းတကယ်ပျော်မှာလားStep''Stepဟာ သူမစကားကိုစိတ်ဝင်စားသွားသလိုမျိုး၊ သူမဘက်သို့ မျက်နှာလှည့်လာသည်။
သူမအား သိပ်ကိုစိတ်ပျက်နေသလိုမျိုးကြည့်သည်။
ထို့နောက် ခပ်ဟဟရယ်သည်။
YOU ARE READING
Bitterish...
Fanfictionလွတ်မြောက်ခြင်းကို ခံစားပါ... ငါမနေတဲ့အရပ်မှာ မင်းတောက်ပ ပါစေ🌟