Ep (8)

1.2K 143 38
                                        



ဆုံးရှုံးလိုက်​ရပြီးချိန်​မှာ ကျန်​ရစ်​ခဲ့တဲ့
လွမ်းဆွတ်​တသနာကျင်​​ရခြင်း​တွေကို
အချစ်​လို့ ​ခေါ်ပါသတဲ့.....။

တိမ်​​တွေပြိုတိုင်း မငိုချင်​​တော့ဘူးကွယ်
မိုး​ကောင်းကင်​နဲ့​ဝေးရာဆီ
ဘယ်​ကမ္ဘာသို့​ပြေးပုန်းရပါ့မလဲ....။

လှောင်​ချိုင့်​ထဲကထွက်​​ပြေးချင်​ခဲ့တဲ့ငှက်​ငယ်​ဟာ
မုန်​တိုင်းကြမ်းထဲပျံသန်းရခါမှ
လှောင်​ချိုင့်​ရဲ့ ​နွေး​ထွေးလုံခြုံခြင်းကို နားလည်​ခဲ့​တော့တယ်​။

.....................




ကျွန်​မ ရှင်​မ​နေ​တော့တဲ့အရပ်​က​နေ ​ဝေး​ဝေးကို​ပြေးထွက်​ခဲ့တယ်​။ ကျွန်​မငယ်​ငယ်​က​ခြေကျဘူးတဲ့ ပြင်​သစ်​နိုင်​ငံပါရီမြို့ဆီသို့။

အဲ့ဒီမြို့က သိပ်​လှတယ်​တဲ့ Ms Jungရယ့်​။
ကျွန်​မအမြင်​​တော့ ​ဆွေး​မြေ့ဖွယ်
အီဖယ်​တာဝါကလည်း အထီးကျန်​ဆန်​လွန်းတယ်​....။
ကျွန်​မအဖို့ သိပ်​မထူးခြားခဲ့ဘူး Ms Jung
အဲ့ဒီအရပ်​မှာလည်း ​ကောင်းကင်​ကြီးရှိ​နေ​သေးတယ်​...။
အားလုံးဟာ အချစ်​ဆိုတဲ့အရာ​​အောက်
အညံ့ခံလက်​​မြှောက်​ကြရတာ....။

ကျွန်​မCafeဆိုင်​​လေးဖွင့်​တယ်
Coffee​တွေ​ဖျော်​တိုင်း ရှင့်​ကိုလွမ်းပါတယ်
နောင်​တဆိုတဲ့အရာဟာ
အတိတ်ကဒဏ်​ရာ​တွေကို အဖန်​ဖန်​ထိုးနှက်​ကြ​လေရယ့်
ကျွန်​မက နာကျင်​ခြင်းမှာ​ပျော်​​မွေ့ပါတယ်​။

သုံးနှစ်​ဆိုတဲ့အချိန်​ဟာ
ရှင့်​ကို​မေ့​ပျောက်​သွားဖို့အထိမလုံ​လောက်​ခဲ့ဘူးMs Jung

ကျွန်​မမှာ အလုံအ​လောက်​နာကျင်​ပြီးခဲ့သည့်​တိုင်
ထပ်​ငိုဖို့မျက်​ရည်​​တွေမကျန်​​တော့သည့်​တိုင်
ရှင်​ဟာ မက်​မက်​စက်​စက်​ကို နာကျင်​ဖွယ်​​ကောင်းတဲ့
အတိတ်​တစ်​ခုဖြစ်​​နေခဲ့သည့်​တိုင်​......
မလွတ်​​မြောက်​နိုင်​​​သော နွံထဲ
ရုန်း​လေနစ်​​လေဆိုတဲ့စကားက တကယ်​မှန်​ပါတယ်​။

ဒီ​နေ့ကျွန်​မထပ်​မငို​တော့ဘူးလို့
ကိုယ့်​ကိုယ်​ကိုယ်​ကတိ​ပေးတယ်​.....။
နောက်​​နေ့​တွေမှာလည်း ထိုသို့​သောကတိမျိုး
ထပ်​ခါတလဲလဲ​ပေးရတယ်​....။
ကောင်းကင်​မှာ မိုးမညိုခဲ့တဲ့​နေ့မရှိသလို
ပင်​လယ်​ပြင်​ဟာ မျက်​ရည်​မယိုတဲ့​နေ့မရှိပါဘူး။

Bitterish...Where stories live. Discover now