သစ်ရွက်ကလေးက ကြွေချင်လို့ကြွေခဲ့ရခြင်းမဟုတ်ပဲ
အကိုင်းအခက်ဟာလည်း ခြွေချင်၍ခြွေချခဲ့ရသည်မဟုတ်။
သံယောဇဉ်က မမြင်နိုင်သောနှောင်ဖွဲ့ခြင်းမျိုးမို့
မမြင်နိုင်ခြင်းများစွာဖြင့် ဝေးလွင့်ကြရ။မင်းအရှေ့မှာမားမားမတ်မတ်ရပ်ပြီး ကာကွယ်ပေးပါရစေလို့
ကတိတွေပေးဖို့သတ္တိမရှိတော့တာပါ။
အဖြေမှားပဲဆက်တိုက်ရနေတဲ့ ပုစ္ဆာကို
အထပ်ထပ်ပြန်တွက်ရင်း လက်ပန်းကျခဲ့ရ
ပြန်မလာမှာသိလိုငါကချည်းလိုက်ရှာခဲ့ပေမယ့်။
တစ်ခါလောက်တော့ ငါလည်းထွက်ပြေးလိုက်ချင်တယ်Stephanie။.....
ပြတင်းတံခါး၏ လိုက်ကာစကို ဖွင့်လိုက်ပိတ်လိုက်နှင့်၊
suitcaseထဲမှ ဟိုတစ်စဒီတစ်စအဝတ်တွေဟာ အိပ်ရာပေါ်၌ပျံ့ကျဲလျှက်။ ဖုန်းscreenပေါ်က နံပါတ်တစ်စုံတစ်ရာပိုနိပ်ဖို့ရာ လက်ချောင်းတွေဟာချည်တုံချတုံ။ နောက်ဆုံး ဖုန်းကိုပိတ်ကာ သက်ပြင်းငွေ့ငွေ့နှင့်အတူ သူမအိပ်ရာပေါ်ပစ်လှဲလိုက်သည်။မလာမှာသိလည်း မျှော်ရတယ်Stephanieရေ၊ အကယ်၍များ ပေါင်းများစွာကိုတွေးပြီးတော့လေ....။
ယုံကြည်ချက်ရှိရှိနဲ့ စောင့်နေတာတော့မဟုတ်ပါဘူး
မျှော်လင့်ယုံကလွဲရင်ဘာမှမတတ်နိုင်တဲ့အခြေအနေမှာ
အကယ်၍များ...ဆိုတဲ့စိတ်ကလေးနဲ့
ကယောင်ကတမ်းမျှော်လင့်မိတာပါ။ကိုယ် မင်းကိုရဲရဲတင်းတင်းမျက်နှာချင်းဆိုင်ရဲတဲ့အခြေအနေမှာ ပြောပြစရာလေးတွေ ပြောခဲ့ချင်သေးတယ်Stephanie။
ဒီတစ်ခါဟာ နောက်ဆုံးတွေ့ဆုံးခြင်းဖြစ်သွားနိုင်တာမို့။Cafeဆိုင်က မင်းရဲ့သူငယ်ချင်းကတော့ မင်းဆေးရုံကိုထွက်သွားတယ်လို့ပြောတယ်။ SooYeonလေးကို တကယ်ချစ်တာလား Stephanie၊ ကိုယ့်ကိုလက်တုံ့ပြန်ချင်စိတ်နဲ့တော့ အပြစ်ကင်းတဲ့ကလေးကို မင်းမလှည့်စားလောက်ဘူးမလား။

YOU ARE READING
Bitterish...
Fiksi Penggemarလွတ်မြောက်ခြင်းကို ခံစားပါ... ငါမနေတဲ့အရပ်မှာ မင်းတောက်ပ ပါစေ🌟