Ep (12)

988 108 25
                                    

ဟိုးအ​ဝေးကို​ငေးရတာ မပင်​ပန်းဘူးလားStephanie...
ငါ့ဘက်​ကိုလည်း တစ်​ချက်​​လောက်​ငဲ့ကြည့်​ပါ
မင်းနံ​ဘေးမှာ မင်းဖို့​ကြွေနှင့်​ပြီးသား ပန်းပွင့်​က​လေး​တွေ....။

ငါ့နှလုံးအိမ်​ရဲ့တစ်​စိတ်​တစ်​ပိုင်းအထိ​နေရာယူထားတဲ့မင်း
မင်းအဖို့​တော့ငါဟာ တစ်​စုံတစ်​​ယောက်​ကိုသတိရဖို့
အ​ကြောင်းပြချက်​တစ်​ခုဘဲ မဟုတ်​လားStephanie....
တကယ်​ဆိုငါက သူစိမ်း​လေးဘဲ
မင်းရင်​ထဲက စည်း​တွေကိုမ​ကျော်​ဖြတ်​နိုင်​သည်​အထိစိမ်းခဲ့တယ်

ကောင်းကင်​​မှောင်​ကို​ငေး​တဲ့လမင်းက
ကြယ်​​တွေကိုချစ်​တတ်​လိမ့်​မယ်​လို့ ငါမထင်​ဘူး
ငါ့မယ်​ လမင်းကိုချစ်​မိတဲ့ကြယ်​.....။

.....................

"Stephanie.....''

သူက​တော့ပြုံး​နေကျအတိုင်း​လေးဘဲ ခပ်​ယဲ့ယဲ့ပြုံးတယ်​။
နောက်​ပြီးအသက်​မပါတဲ့အကြည့်​​တွေ....။

ပူမှာဆိုးလို့မ​ဆော့ဖို့တားတဲ့မီးကို ခိုး​ဆော့တတ်​တဲ့က​လေး​လေး​တွေမြင်​ဖူးတယ်​မဟုတ်​လား Stephanie​။
မင်းက​တော့ မင်းကို​လောင်​​နေမှန်းသိလျှက်​နဲ့
ဲ့ မီးထဲကရုန်းထွက်​ဖို့​ခေါင်းမာ​နေရှာတဲ့ ပိုးဖလံငယ်​...။

"ည​နေဆိုင်​ပိတ်​ရင်​ ကျွန်​မနဲ့အပြင်​ခဏလိုက်​ခဲ့လို့ရမလားStephanie''

Stephanieပြန်​မ​ဖြေ​ဘဲ​တွေ​ဝေ​နေသည်​။

ကောင်​တာ​ဘေးမှာ အသက်​မပါသလိုထိုင်​ရင်း တံခါး​ပေါက်​ကိုဘဲ​မျှော်​​နေတတ်​တဲ့Stephanieကို SooYeonမကြည့်​ရက်​။

"ဒီ​နေ့က ကျွန်​မ​မွေး​နေ့မို့၊ ကျွန်​မရဲ့​နေ့ထူး​နေ့မြတ်​​လေးမှာ Stephanieကိုလည်းပါဝင်​​စေချင်​တာ''

Stephanieက သူမကိုစိတ်​ဝင်​တစားပြု၍ကြည့်​သည်​။
ထို့​နောက်​ အနဲငယ်​စဉ်းစားသွားပုံ​ပေါ်၏။

"အင်း....ည​နေဒို့လိုက်​ခဲ့ပါ့မယ်​''

SooYeon လိုချင်​တာရသွား၍ ရွှန်းရွှန်းစားစားပြုံးသည်​။
Stephanieက​တော့ မှိုင်​မှိုင်​​တွေ​တွေ....။

Bitterish...Where stories live. Discover now