ငါ့ကိုလွမ်းရင်မော့ကြည့်ပါ
ငိုနေတဲ့တိမ်တွေထဲမှာငါ့ကိုရှာပါ
မိုးပေါက်လေးတွေကိုချစ်ပါ Stephanie
သူတို့က ငါ့မျက်ရည်တွေပါ.....။..............
ဒီနေ့လည်းမိုးတွေမတိတ်ဘူး။
Stephanieကတော့ အုတ်ဂူဖြူဖြူလေးရှေ့မှာဒူးထောက်နေဆဲ။
သူမငိုတယ်။ သူမရဲ့ မျက်ရစ်တွေဖောင်းမို့နီရဲလာတဲ့အထိငိုတယ်။ အသိစိတ်တွေမဲ့သွားတဲ့အထိငိုတယ်။
သူမဒီလိုငိုနေခဲ့တာဟာ တစ်ပတ်လောက်ကြာခဲ့ပြီ။"Stephanie...တော်ပါတော့၊ တော်ပါတော့ဟာ နော်''
မိုးပေါက်ကျသံတွေကြားမှ Yoonaအသံဖျော့ဖျော့ကို သူမလျစ်လျူရှုထားသည်။
Ms Jungသေရတာ သူမအပြစ်လို့မှတ်ယူထားတာ။
သူမကိုယ်သူမအဆုံးဆုံးထိနှိပ်ဆက်တယ်။
အဲ့ဒီအုတ်ဂူလေးရှိမှာ ဒူးထောက်ပြီး တနေကုန်ငိုတယ်၊ မေ့လဲသွားအောင်အထိငိုတယ်။ နောက်တစ်နေ့မှာလည်းထပ်ပြီး..ထပ်ပြီးငိုပြန်တယ်။...........
ဒီနေ့လည်းမိုးသည်းတယ် Ms Jung
ဟိုးကမ္ဘာတစ်ဘက်မှာ ရှင်ငိုနေပြန်ပြီထင်တယ်။ရှင့်အချစ်တွေကို ကျွန်မနားလည်သွားတဲ့တစ်နေ့
အဲ့ဒီနေ့ဟာ ရှင်မရှိတော့တဲ့နေ့
ဒီကမ္ဘာငယ်ကို ရှင်အပြီးအပိုင်ကျောခိုင်းသွားတဲ့နေ့ထွက်သွားတဲ့သူနဲ့ ကျန်ခဲ့ရတဲ့သူ
ဘယ်သူဟာပိုနာကျင်ရသလဲMs Jung?
ကိုယ့်နှလုံးသားကိုယ်လိမ်ခဲ့တဲ့သူ
ချစ်တာကိုချစ်တယ်လို့ ဝန်ခံခွင့်မရှိတော့တဲ့သူဟာ ပိုပြီးထိခိုက်ကြေကွဲရပါရယ့်....။ရှင့်ရဲ့မျက်ရည်တွေကိုသာကျွန်မမြင်ခဲ့ရပြီး
ရှင်ဟာကျွန်မမျက်ရည်တွေကိုမြင်နိုင်ခြင်းမရှိတဲ့သူ
ကျွန်မရဲ့ခံစားချက်ကိုမြင်အောင်မကြည့်ဘဲ
စိတ်ထင်ရာလုပ်ခဲ့တဲ့ရှင်က သိပ်မုန်းချင်စရာကောင်းခဲ့တယ်Ms Jung.....။
YOU ARE READING
Bitterish...
Fanfictionလွတ်မြောက်ခြင်းကို ခံစားပါ... ငါမနေတဲ့အရပ်မှာ မင်းတောက်ပ ပါစေ🌟