ကောင်းကင်ဟာ ကြယ်ကို
ပင်လယ်မှာပျော်ဖို့ ပစ်ချပေးသတဲ့....။.......
"ဒေါက်...ဒေါက်....''
"Omma''
လူနာခန်းတံခါးဝက သူမကိုOmma နှင့်Sooyeonကလှည့်ကြည့်လာတော့ သူမပြုံးပြလိုက်သည်။
ဒါဟာ သူမဘဝမှာ မက်ခဲ့ရတဲ့အိပ်မက်တွေ၊
အရင်အချိန်တွေတုန်းကဆို Daddyရဲ့ တားမြစ်ချက်ကိုလွန်ဆန်ဖို့ Ommaနှင့်တွေ့ဖို့ အကြိမ်ကြမ်ကြိုးစားခဲ့ဖူးသည်။အခုတော့ Ommaနဲ့ Sooyeonလေးက သူမကိုပြုံးပြနှုတ်ဆက်နေကြပြီး၊ ထိုအပြုံးတွေဟာ သူမဘဝမှာ Stephanieအပြုံးပြီးလျှင် အလှပဆုံးသော အပြုံးကလေးများဖြစ်ကြ၏။
"Jessi ညီမလေးကိုစောင့်ပေးထားဦး၊ Ommaအိမ်ပြန်လိုက်ဦးမယ်''
Ommaက Sooyeonလေးအပေါ်နွေးထွေးလာတယ် ထင်ရသည် သူကလေးခမျာပြုံးပျော်လို့။
"မမ...''
သွားလေးတွေပေါ်အောင်ရယ်ပြနေသည့် အူတိအူကြောင် အငယ်စားလေးပင်။
"ဘယ်လိုလဲ ကလေးလေး သက်သာလား''
"အွန်း....နောက်အပတ်ဆိုဆေးရုံကဆင်းလို့ရပြီလို့ပြောတယ်''
ရွှင်ရွှင်ပြပြ၊ သူ့ပါးမို့မို့လေးတစ်ဖက်ကို ဆွဲဖဲ့မိသည်။
Sooyeonက သူမကိုစစတွေ့ချင်းမှာ အံ့သြပုံမပြဘူး။
သတိရရလာချင်းမှာပဲ သူမကို မြင်ဖူးတွေ့ဖူးနေကျလူတစ်ယောက်လို မျက်လုံးသေတွေနဲ့ စိုက်ကြည့်နေခဲ့တာ။
အဲ့ဒီနေ့က သူတို့စကားမပြောဖြစ်ခဲ့ကြ။ အလုပ်ကိစ္စပေါ်လာသောကြောင့် Sooyeonသတိရတာကိုကြည့်ပြီးပြီးချင်း ဆေးရုံမှထွက်လာခဲ့ခြင်းကြောင့်ပင်။
နောက်တစ်နေ့ ရင်ခုန်ခြင်းများစွာဖြင့်ဆေးရုံကိုထပ်သွားတော့
SooYeonက သူမနှင့်မျက်လုံးချင်းဆုံအောင်ကြည့်ပြီး
"မမ''ဟုခေါ်ကာ ချိနဲ့နဲ့ကိုယ်လုံးလေးနှင့်ပြေးဖက်လာခဲ့သည်။
အန်တီSunnyကတော့ သူမတို့ကိုပြုံး၍ကြည့်နေခဲ့၏။
ညီမလေးနှင့် ဆက်ဆံရေးမှာ မခက်ခဲ ခဲ့။ လွယ်လွယ်ကူကူပင်ရင်းနီးခဲ့ကြသည်။

YOU ARE READING
Bitterish...
Fiksi Penggemarလွတ်မြောက်ခြင်းကို ခံစားပါ... ငါမနေတဲ့အရပ်မှာ မင်းတောက်ပ ပါစေ🌟