ကျွန်မက အမှောင်မှာပျော်သော
လမင်းကိုငေးကြည့်မိတဲ့
နေကြာပန်းကလေး......။.....................
"ဆိုတော့ကာ.... နင် အဲ့ဒီcafeဆိုင်ကအမျိုးသမီးကို ကျနေပြန်ပြီပေါ့ ''
SooYeonက ဖုန်းscreenမှအကြည့်မလွှဲဘဲ စစကလေးပြုံးသည်။
"သူက သိပ်လှတာ...''
Yuriကတော့ လက်ထဲက Hamburgerအား တစ်ချက်ကိုက်ရင်း သူမသူငယ်ချင်းကို အယုံအကြည့်မဲ့သလိုမျိုး လှန်းကြည့်သည်။
"ပြောတာလည်း မင်းပါဘဲ '' 🎤
အစားပလုပ်ပလောင်းနှင့် ပြောင်စပ်စပ်သီချင်းလုပ်ဆိုနေသောYuriဆီ SooYeonမျက်စောင်းဟာ တန်းကနဲ။
"ငါအတည်ပြောနေတာ Yuri''
Yuriကရယ်တယ်။
"နင်တွဲခဲ့တဲ့ ကောင်မလေးတွေတိုင်းကိုလည်း နင်အဲ့လိုပြောခဲ့တာဘဲလေ''
"သူက မတူဘူးYuri''
Sooyeonလက်ထဲကဖုန်းကိုစားပွဲပေါ်ချပြီး အအေးတစ်စုပ်သောက်လိုက်၏။
"ရင်ခုံတယ်ဆိုတဲ့ခံစားချက်ကိုနင်သိလား...။
သူ့အနားမှာသာရှိနေရရင်လေ ကမ္ဘာတစ်ခုလုံး ပန်းတွေပွင့်နေတာမျိုး....၊ အချိန်တိုင်း စက္ကန့်တိုင်း အဲ့ဒီလူတစ်ယောက်နဲ့ဘဲ အတူတူကုန်ဆုံးချင်နေတာ...''နေကြာပန်းကလေးရဲ့ ဆုတောင်းဟာ
လခြမ်းကွေးရဲ့နံဘေးကြယ်ကလေး ဖြစ်ပါရစေ.....
အနဲငယ်တော့ ရူးသွမ်းတယ်မဟုတ်လား....။"နင်က အချစ်ကိုယုံလို့လား SooYeon''
SooYoneကပြုံးတယ်။
"အချစ်ဆိုတာ မြင်တွေ့ ဆုပ်ကိုင်လို့ရတဲ့အရာမှမဟုတ်ဘဲ၊ ငါမယုံချင်ဘူးYuri။ ဒါပေမယ့် တစ်ချိန်တည်းမှာဘဲ ငါ့ရင်ခုံသံတွေကို ငါယုံနေတယ်။ နင်သိလား Yuri၊ ငါလေ သူ့ကိုမြင်ရင် ပီယအားဆေးစားထားရသလို အူမြူးတတ်ကြွနေတော့တာ။
ငါ့ရင်ခုံသံတွေကိုက တဒုတ်ဒုတ် မမြည်တော့ဘဲ၊ Stephanie....Stephanie....နဲ့ မြည်နေပြီ၊ ''
YOU ARE READING
Bitterish...
Fanfictionလွတ်မြောက်ခြင်းကို ခံစားပါ... ငါမနေတဲ့အရပ်မှာ မင်းတောက်ပ ပါစေ🌟