ငါတို့တိတ်တိတ်ကလေးဝေးရအောင်Stephanieရေ
မျက်နှာချင်းဆိုင်ဆုံဖြစ်တဲ့အခါ
မင်းကလည်းငါ့ကြောင့် မနာကျင်ဖူးခဲ့သလိုမျိုး
ငါကလည်းမင်းကြောင့် မငိုဖူးခဲ့သလိုမျိုး
သူစိမ်းတွေလိုမျိုး
ပြုံးပြရင်း နှုတ်ဆက်ရင်း
ဖြေးဖြေးလေး ဝေးရအောင်...။
...............
တိမ်ညို့ညို့အုပ်မှိုင်းမှိုင်းနှင့်ညနေခင်းဟာ စိတ်ကူးတွေလိုပဲမလှပခဲ့။ လူတစ်ယောက်ကိုချစ်နေရတာပင်ပန်းသည် ဒီထက် လက်လွှတ်ဖို့ကြိုးစားရတာပိုပင်ပန်းသည်။ ချစ်သောကြောင့်ပိုင်ဆိုင်ရအောင်ကြိုးစားခဲ့ပြီးပြီ၊ ယခုတော့ ချစ်သောကြောင့် စွန့်လွှတ်နိုင်ဖို့ကြိုးစားရဦးမည်။ အတ္တတွေ ပိုင်ဆိုင်လိုမှုတွေထုံမွှန်းထားသည့် ချစ်ခြင်းတရားဟာ အတ္တစွဲသက်သက်သာဖြစ်ပြီး ခံစားမှု၌ဒဏ်ရာအနာတရများ သာကျန်ရစ်တတ်ကြောင်း သူမနားလည်ခဲ့သည်။
မိုးရာသီ၏ အငွေ့အသက် ရေဗွက်အနဲငယ်စိုနေသည့် ဖိနပ်တွေကတော့ သန့်ရှင်းရေးအထပ်ထပ်လုပ်ထားသော ကြွေပြားခင်းကြမ်းပြင်ကိုအားနာနိုင်မယ်မထင်။ ခြေလှမ်းဟာ ယခင်ကထပ်ပိုမိုလေးလံနေသည်။ မျက်စိစုံမှိတ်ပြီးဆွဲလိုက်ရတဲ့ပန်းချီကားဟာ လှပသွားသလား အရုပ်ဆိုးသွားမလားဆိုတာကို တကယ်တော့ သူမရင်မဆိုင်ရဲဘူး။ ချစ်ရသူကရော သူမဆန္ဒကိုလိုက်ရောပြီးတော့ သူမရင်ကိုခွဲချေမှာလား၊ ဒါမှမဟုတ် သူမဆီဇွတ်တိုးဝင်ဖို့ဆုံးဖြတ်မလား၊ ဖြစ်နိုင်ခြေရာနှုန်းအရမ်းနည်းတဲ့ အဖြေတစ်ခုအတွက် ပုစ္ဆာကိုအမှားပုံသေနည်းနဲ့တွက်နေရသလိုပေါ့။
ကျွန်မကိုယ်ကျွန်မအဆင်သင့်ဖြစ်နေပြီလို့ထင်ခဲ့တာ။
အဖြေဟာဘယ်လိုပဲလာလာလက်ခံမယ်လို့ မာန်တွေတင်းခဲ့သမျှ လက်တွေ့မှာ ရင်မဆိုင်ရဲဘူး။
Stephanieက တကယ်ပဲရွေးချယ်တော့မှာလား။
ကျွန်မSooyeonလေးဆီ အလာ ဆေးရုံကားပါကင်မှာကားထိုးပြီးမှ ညီမလေးက Stephanieဆေးရုံရောက်နေတဲ့အကြောင်းဖုန်းဆက်တယ်။ သဘောကျရတဲ့ကောင်မလေးက သူ့ဆီတကူးတကလာနေတော့ ညီမလေးသိပ်ပျော်နေတယ်ထင်တယ်၊ ကျွန်မကိုလည်းStephanieနဲ့မိတ်ဆက်ပေးမလို့ ဆေးရုံကိုမြန်မြန်လာခဲ့ဖို့ညီမလေးကပြောတယ်။
YOU ARE READING
Bitterish...
Fanfictionလွတ်မြောက်ခြင်းကို ခံစားပါ... ငါမနေတဲ့အရပ်မှာ မင်းတောက်ပ ပါစေ🌟
