( ၁၀ )
“မင်း မနက်က တော်တော်ပျော်ခဲ့တယ် ဟုတ်လား။ အကိုတစ်ယောက်လုံးကိုတောင် မမြင်နိုင်အောင် ကြည်နူးနေကြတာ။”
“ဗျာ ကိုကို။”
ဗိုလ်ဗိုလ် ကိုလင်းက ဘာပြောလိုက်မှန်းကို နားမလည်လိုက်။
“မနက်က အင်္ဂလိပ်စာ Speaking က အပြန် မင်းကို ပုခုံးဖက်ပြီး ထီးမိုးပေးသွားတာ ဘယ်က ဖာခေါင်းလဲ။”
“ဗျာ .. ကိုကို .. ဘယ်လိုလုပ်သိလဲ။”
“အင်း .. အင်း .. အဲဒါ ပြောတာပေါ့၊ ယိုသူ မရှက် မြင်သူရှက် ဆိုတာ။ ဘဲတစ်ပွေနဲ့  အချစ် ပလူးနေတော့ မိုးမမြင် လေမမြင် ဖြစ်ကုန်ကြရော မဟုတ်လား။ မင်းတို့  နှစ်ကောင် အနောက်မှာ ငါ ရှိနေတယ်ကွ။ မင်းကို ငါ ကျူရှင်လာကြိုတာ အကို တစ်ယောက်လုံးကိုတောင် မမြင်နိုင်တော့ဘူး၊ မင်းကောင် ဖာခေါင်း ခေါ်တဲ့နောက် ပါသွားတာပဲ။”
“ဟာ .. ကိုကို .. ဘာတွေလဲ ဗျာ .. ဘာတွေ လျှောက်ပြောနေတာလဲဗျာ .. အဲဒါ ၉တန်းလောက် ကတည်းက ကျောင်းမှာတွဲတဲ့ သားသူငယ်ချင်းပါ ကိုကိုရာ။ ဖာခေါင်း မဟုတ်ပါဘူး။”
ဟုတ်ပါပြီ .. သီဟန့် ကို စွပ်စွဲပြောနေတာပါ။
သီဟန်က အင်္ဂလိပ်စာ Speaking ကောင်းတဲ့ ဆရာမ တစ်ယောက်တွေ့ ထားကြောင်း .. အသင်အပြ ကောင်းကြောင်း ခေတ်မီကြောင်း .. ကျောင်းသား ၁၀ ယောက်လောက်သာ လက်ခံကြောင်း .. ဗိုလ်ဗိုလ် နဲ့  အတူတူ ကျူရှင်တက်ကြဘို့  လာခေါ်ပါတယ်။
၉တန်း ကတည်းက အခုလို ၁၀တန်း ဒုတိယနှစ် အထိ ဗိုလ်ဗိုလ် နဲ့  သီဟန် ကျူရှင် အတူတူ မယူခဲ့ စဘူး။ ကျောင်းမှာလည်း တစ်ခန်းထဲ မဟုတ်ကြလို့  ရေကူးတဲ့ အခါ .. အောကားကြည့်တဲ့ အခါ .. လျှောက်လည်ကြတဲ့ အခါ .. နှစ်ယောက် အတူတူ တမင်တကာ တွဲဖြစ်အောင် တွဲကြရတဲ့ ငယ်ချစ် သူငယ်ချင်းတွေပါ။
ဒါကြောင့်လည်း သီဟန်လာခေါ်တာကို ဗိုလ်ဗိုလ် လက်ခံလိုက်တာပါ။ သူငယ်ချင်းကိုလည်း လိုက်လျောပြီးဖြစ် .. ဗိုလ်ဗိုလ် မှာလည်း အချိန်ပေးနိုင် .. ပြီးတော့ အင်္ဂလိပ်စာ ဆိုတာက ဗိုလ်ဗိုလ့် သည်းခြေကြိုက် ဘာသာရပ်လေ။
VOCÊ ESTÁ LENDO
" နွဲ့ဆိုးဗိုလ် "
Ficção Adolescenteရေးသားသူ - Min Lwin Myue Hein တစ်ခေတ်တစ်ခါက mlgbts website တွင် နာမည်ကြီးခဲ့သော အခန်းဆက်ဝတ္ထုရှည် ... ရေးသားသူ - မင်းလွင်မြူဟိန်း တစ်ခေတ်တစ်ခါက mlgbts website တွင် နာမည်ကြီးခဲ့သော အခန်းဆက်ဝတ္ထုရှည် ...
