( ၂၇ )
“ Yup!”
“ Hi! It’s me Zauzau Bo.”
“ Oh ya! Okay! I’ll pass you in. Just a moment.”
Buzz အသံနဲ့အတူ .. သံပန်းတံခါး ပွင့်သွားပါတယ်။ ဗိုလ်ဗိုလ် Basement Lobby ကို .. ဖြတ်လိုက်ရင်ပဲ .. Elevator ကို တွေ့ပါတယ်။ ဓါတ်လှေခါးထဲကို .. ဝင်လိုက်ပြီး .. တံခါးပေါက် နံရံက Up Button 15 ကို နှိပ်လိုက်တယ် ဆိုရင်ပဲ .. ဗိုလ်ဗိုလ့် ကို .. သိမ့်ကနဲ ဆွဲတင်သွားပါတော့တယ်။
Apartment #1511 ဆိုတော့ Level 15 Room 11 ဆိုရင် Azul ရဲ့ အခန်းကို ရောက်ပြီပေါ့။
အခန်းတံခါးက .. Bell ကို နှိပ်လိုက်တော့ .. Azul က တံခါးလာဖွင့်ပါတယ်။ Rosso ကတော့ မရှိဘူး။ ဗိုလ်ဗိုလ် .. မေးလည်း မမေးကြည့်ဘူး။
ဒီမှာက .. မစပ်စုကြ။ ဘယ်သူ့ကိုမှ .. ကိုယ်က ဂရုစိုက်စရာမလို သလို .. ကိုယ့်ကိုလည်း ဘယ်သူကမှ .. ဂရုမစိုက်ကြ။ သိပ်ကောင်း၊ အရမ်းကောင်း၊ ဗိုလ်ဗိုလ် နဲ့ လိုက်မှလိုက်။ သား သား သိပ် သိပ် ကြိုက်။
ကြည့်လေ Azul က .. ဘယ်တွေ ရောက်ခဲ့လဲ .. တစ်ခွန်း မမေး။ စားချင်တာ .. သောက်ချင်တာ .. ရေခဲသေတ္တာဖွင့်ပြီး .. စားသောက်ဘို့ .. Kitchen ကို လိုက်ပြတယ်။ ရေချိုးရအောင် .. ရေချိုးခန်းကို ပြတယ်။ ဒါပဲ။ Be your home! တဲ့။ Hospitality က ပြတ်တယ်။ ဘာလောကွတ်တွေ .. ဘာပကာသနတွေမှ မလုပ်။ ကြိုက်သလိုနေတော့။
ဒီကောင်က Asian နဲ့ မစိမ်း၊ သူ့ Roommate က .. Asian ကိုး။
ပြောဆိုပြီးတာနဲ့ .. သူ့ အခန်းထဲ .. သူ ပြန်ဝင်သွားတယ်။ အခန်းတွေက .. တံခါးပိတ်တာ မဟုတ်။ ယောက်ျားလေးတွေချည်း နေတာလေ။ ဗိုလ်ဗိုလ် ခေါင်းကို ငဲ့ကြည့်လိုက်တော့ .. သူ့ Desk မှာ Computer နှိပ်နေလေရဲ့။
အိပ်ခန်းက ၂ခန်းထဲ။ Azul အခန်း တစ်ခန်းသာ.. Master Bedroom ပါ၊ ရေချိုးခန်း တွဲလျက်။
Rosso အခန်းမှာတော့ Bathroom က မရှိ။ Lobby နဲ့ Kitchen ကို သွားတဲ့နေရာမှာတော့ .. ရေချိုးခန်း တစ်ခု ရှိတယ်။ ဒါဆို .. ဗိုလ်ဗိုလ် နားလည်သွားပြီ။ အဲဒိ အခန်းမှာ .. ကိုယ်လက်သန့်စင် ဆေးကြောရမယ်။ မဆေးကြောလို့က မဖြစ်ဘူးလေ။ တစ်နေကုန် လျှောက်သွားထားတာ .. ချွေးတွေချည်း။
ESTÁS LEYENDO
" နွဲ့ဆိုးဗိုလ် "
Novela Juvenilရေးသားသူ - Min Lwin Myue Hein တစ်ခေတ်တစ်ခါက mlgbts website တွင် နာမည်ကြီးခဲ့သော အခန်းဆက်ဝတ္ထုရှည် ... ရေးသားသူ - မင်းလွင်မြူဟိန်း တစ်ခေတ်တစ်ခါက mlgbts website တွင် နာမည်ကြီးခဲ့သော အခန်းဆက်ဝတ္ထုရှည် ...