( ၂၃ )
ဗိုလ်ဗိုလ် တို့ ကျောင်းပြီးသွားကြတော့ နော်ဇာက သူ့ဌာနမှာပဲ သရုပ်ပြဆရာမ ဝင်လုပ်တယ်။ ဗိုလ်ဗိုလ် သွားတွေ့ပါတယ်။ သတင်းပေးကတော့ စိမ့်ညိုပဲ။ အစက သွားတွေ့ရုံ .. နောက်တော့ အလည်သက်သက် .. နောက်ပိုင်းတော့ ဗိုလ်ဗိုလ့် ရဲ့ ခြေဦးက .. သွားကိုမှ သွားနေတော့တာပါ။
Practical အခန်းဝက ရပ်စောင့်နေရင်း .. ကာရံထားတဲ့ ဆင်နားရွက် တံခါးအောက်က ငုံ့ ကြည့်မိလိုက်လို့ .. နော်ဇာ့ လုံချည်လေးနဲ့ .. ဘိနပ်စီးထားတဲ့ နော်ဇာ့ခြေလေးတွေလောက်ပဲ .. တွေ့ လိုက်ရဦးတော့ .. ဗိုလ်ဗိုလ့် ရင်ထဲမှာ ကျေနပ်နေရပါပြီ။ ပြုံးနေရပါပြီ။
Practical အခန်းမှာ မရှိဘူးဆိုရင်တော့ ဗိုလ်ဗိုလ် Computer အခန်းဘက် လိုက်လာတတ်နေပြီ။ Computer မှန်ခန်း အတွင်းမှာ .. နော်ဇာ စာရိုက်နေတာကို .. Corridor က ရပ်ကြည့်နေရတဲ့ အရသာဟာ .. ဗိုလ်ဗိုလ့် ရဲ့ မျက်လုံး ဝိုင်းဝိုင်းလေးတွေကို အရည်လဲ့လာစေ ခဲ့ပါတယ်။
ဗိုလ်ဗိုလ့် နှလုံးသားမှာ .. မိန်းခလေး တစ်ယောက်ကို ချစ်တတ်တဲ့ အမြုတေလေး အရှိသားလား။ ဒါနဲ့များ ကိုယ့်ချစ်တဲ့ မိန်းခလေးကို .. တစ်ပါးသူ လက်ထဲ အပ်ခဲ့ဘူးတယ်နော်။
နော်ဇာ တော်လို့သာ ပေါ့။ နော်ဇာ စောင့်ဆည်းတတ်လို့ပေါ့။
ဗိုလ်ဗိုလ် နဲ့နော်ဇာ အင်းလျားကန်စောင်းမှာ ထိုင်တတ်ကြပြီ။
အာလူး ဗူးသီး ကြက်သွန်ကြော်တွေကို လည်း ဝေမျှစားတတ်ကြပြီ။
မြို့တွင်းမြို့ပြင် ရုပ်ရှင်ရုံတွေမှာလည်း ရုပ်ရှင်ကြည့်ဘူးကြပြီ။
တစ်နေ့များ .. ရုပ်ရှင်လက်မှတ်ဝယ်ပြီးခါမှ .. ဗိုလ်ဗိုလ် ကောက်ခါငင်ခါ ခေါင်းကိုက်ပြီး ကိုယ်တွေပူလာလို့ .. အိမ်ကိုတော့ မပြန် .. နော်ဇာနဲ့ ရုပ်ရှင်ကို အတူတူ လိုက်ကြည့်ဖြစ်အောင် ကြည့်လိုက်သေးတယ်။
ဗိုလ်ဗိုလ် .. ချစ်သူကို အလိုလိုက်တတ်လာခဲ့ပါပြီ။
သမ္မတရုံ အအေးခန်းထဲမှာ .. နော်ဇာက ရုပ်ရှင်ကို သဘောတွေကျလို့.. ဗိုလ်ဗိုလ် က နော်ဇာ့ နံဘေးမှာ အိပ်လို့မှေးလို့..
YOU ARE READING
" နွဲ့ဆိုးဗိုလ် "
Teen Fictionရေးသားသူ - Min Lwin Myue Hein တစ်ခေတ်တစ်ခါက mlgbts website တွင် နာမည်ကြီးခဲ့သော အခန်းဆက်ဝတ္ထုရှည် ... ရေးသားသူ - မင်းလွင်မြူဟိန်း တစ်ခေတ်တစ်ခါက mlgbts website တွင် နာမည်ကြီးခဲ့သော အခန်းဆက်ဝတ္ထုရှည် ...
