အပိုင်း ၂၁

2.9K 36 0
                                        

( ၂၁ )

ကိုလင်း မရှိတော့တဲ့နောက် .. ဗိုလ်ဗိုလ့် ကို ဆက်ခံသူက .. Anjali ပါ။ မြန်မာလို ဆိုရင်တော့ အဉ္ဇလီပေါ့။ ဗိုလ်ဗိုလ် ၁၀တန်းအောင်ရေး .. ဆိုတာကြီးကိုပါ အမွေရယူ လိုက်သူပါ။

အဉ္ဇလ့ီကို .. ကိုလင်းရဲ့ အသင်းတော် ဂီတသင်တန်းမှာ .. စ တွေ့တာပါ။ သူ တို့ မျိုးရိုးစဉ်ဆက်က .. အိန္ဒိယ တိုင်းရင်းအနွယ်တွေပါ။ အဉ္ဇလ့ီကို မွေးပြီးတာနဲ့ .. သူ့မိခင် တိမ်းပါးသွားတာမို့ .. အဖေတစ်ယောက် .. အစ်ကိုတစ်ယောက် နဲ့ ကြီးပြင်းလာရတဲ့ အဉ္ဇလီ ဟာ .. ယောက်ျားနည်းနည်းဆန်ပါ တယ်။

အဉ္ဇလီ ဟာ .. ကိုလင်း အစား .. ဗိုလ်ဗိုလ့် ရဲ့ ပြေးဖော်ပြေးဘက် .. စက်ဘီး စီးဖော် စီးဘက် ဖြစ်လာခဲ့ပါတယ်။ ဗိုလ်ဗိုလ်နဲ့ အတူ .. လမ်းလျှောက်တယ် .. ပြေးတယ် .. စက်ဘီးစီးတယ်။ ဗိုလ်ဗိုလ် ကလည်း .. ကိုလင်း အစားရခဲ့တဲ့ .. သူငယ်ချင်း ဆိုပြီး .. အဉ္ဇလီ့ကို ခင်ပါတယ်။

ဗိုလ်ဗိုလ်က ယောက်ျားလေးမို့ .. စက်ဘီး စီးကြရင် .. အဉ္ဇလီ့ ကို .. စက်ဘီး အနောက်က တင်စီးတယ်၊ အဉ္ဇလီ သွားချင်ရာ ကို .. အဖော်လိုက်ပေးပါတယ်။

အဉ္ဇလီ အတွက်လည်း .. ဗိုလ်ဗိုလ် ဟာ ယောက်ျားလေး အဖော် သူငယ်ချင်း တစ်ယောက် ဖြစ်လာခဲ့ ပါတယ်။

အသင်းတော်ပေါင်းစုံ မိတ်သဟာယ အားကစားပွဲ လုပ်လို့ .. အဉ္ဇလီ တို့ ရန်ကုန် အသင်းတော်ဘက် က .. ဗိုလ်ဗိုလ် ဘောလုံးဝင်ကန်ရင် .. အဉ္ဇလီ က ဂိုးစောင့်နေသေးလို့ တစ်ဘက်အသင်းက ထပြီး ကန့်ကွက်ပါတယ်။ အဉ္ဇလ့ီကို .. ဘေးထွက် ထိုင်နေခိုင်းရပါတယ်။

လွိုင်ကော်ကို Camp သွားကြတော့လည်း .. ဗိုလ်ဗိုလ်က အသင်းတော်က .. ကရင်လေး ခွားလေးနဲ့ .. ယောက်ျားလေး အချင်းချင်း .. တစ်ခန်းထဲ အိပ်ရတယ်။ ခွားလေးနဲ့ အတူတူ ဖက်အိပ်ကြဘို့ ဟန်ပြင်နေခါမှ .. အခန်းတံခါး ကို လာခေါက်လို့ ဖွင့်ကြည့်လိုက်တော့  အဉ္ဇလီ .. .. ..

“အော် .. ဗိုလ်ဗိုလ် .. နင်က ဒီမှာ လာအိပ်နေတယ် .. ငါက .. ဘယ်မှာ .. သွားအိပ်ရမှာလဲ .. .. နင် ငါ့ကို ခွဲခြားခွဲခြား မလုပ်နဲ့လေ။”

ဟာ .. ပြဿနာပဲ။

“အဉ္ဇလီ .. နင် .. ငါ့နဲ့ လာအိပ်ရအောင် .. နင့်မှာ .. ငါတို့လို .. ဟိုဟာပါလို့လား .. .. .. .. ဟင်း .. ငါ ပြောလိုက်ရ မကောင်း ဖြစ်ကုန်တော့မယ် နော။ တော် .. တော် .. .. အဉ္ဇလီ .. နင် .. ယောက်ျားလေး ဆိုရင် ငါ့နဲ့ လာအိပ်။”

" နွဲ့ဆိုးဗိုလ် "Onde histórias criam vida. Descubra agora