( ၇ )
ဒီ စနေ ထပြေးပါမယ်ဆိုမှ .. မိုးက မည်းမှောင်အုံ့နေပါတယ်။ မိုးလေဝသ သတင်းမှာ ရွာရန် ရာနှုန်း ၈၀ တဲ့။ ညက ဗြုန်းဗြုန်း ဗြုန်းဗြုန်းနဲ့ ၂ခါ ၃ခါ ရွာချလိုက်ပါသေးတယ်။ ရွာလိုက် တိတ်လိုက်ပါ။
တီရှပ်နဲ့ အားကစားဘောင်းဘီတို ဝတ်ပြီး လှေခါးထစ်မှာ Jogging shoe ကို ထိုင်စီးနေရင်း ကောင်းကင်ကို မော့ကြည့်လိုက်တော့ ကြယ်ပွင့်တစ်ပွင့်မှ မရှိ။ မိုးမှောင်ကြီးကို ကျလို့ပါ။ လေကလည်း ဝှေ့ကနဲ ဝှေ့ကနဲ တိုက်လိုက်သေး။ လျှပ်စီးတွေကလည်း ပြိုးပြိုးပြက်ပြက်။
ကိုလင်းရော .. လာမှလာပါ့မလား။
လာလာ .. မလာလာ .. ဗိုလ်ဗိုလ် ကတော့ ပြေးမယ် .. စိတ်ကူးလိုက်ပါတယ်။
မဟုတ်လဲ .. တစ်ယောက်တည်း ပြေးနေကျ မဟုတ်လား။
အိမ်တံခါးကို အသေအချာ သော့ခတ် .. သော့တံကို လည်ပင်းမှာ ကြိုးလေးနဲ့ ဆွဲလိုက်ပြီး ဝတ်ထားတဲ့ တီရှပ်အင်္ကျ ီအတွင်းထဲ ထည့်လိုက်ပါတယ်။ အိမ်အဝင်လမ်းလေးအတိုင်း လမ်းလျှောက်ထွက်လာပြီး .. ခြံဝင်းတံခါးကို အသာပိတ်လိုက်တော့ .. ဘွားဆို .. ကိုလင်း ရောက်လာပါ တယ်။
“သားက မလာတော့ဘူးလားလို့။”
ဗိုလ်ဗိုလ် က ဆီးပြောလိုက်တာပါ။
“အင်း .. ကိုလည်း .. မိုးက ရွာနေတော့ ချီတုံချတုံနဲ့ သွားရကောင်းမလား စဉ်းစားနေတာ .. ညကလည်း ဖုံးမဆက်ထားတော့ .. မင်းလေး စောင့်နေမှာပဲ ဆိုပြီး ထွက်လာတာ။”
နှစ်ယောက်သား ဖွဖွလေး ပြေးထွက်ခါစရှိသေး .. .. ဗြုန်းဆို မိုးက ရွာချလိုက်ပါတော့တယ်။
“ဟာ .. အကို မိုးရွာလာပြီ။”
“ဟေး .. ညီရေ .. ပြန်လှည့်ကြရအောင် .. မဟုတ်ရင် ရွှဲကုန်လိမ့်မယ်။”
နှစ်ယောက်သား ခပ်သုတ်သုတ် ပြန်ပြေးလာခဲ့ကြရပါတယ်။
“အင့် .. အကို .. ခေါင်းသုတ်လိုက်ဦး။”
ဗိုလ်ဗိုလ် ဘီရိုထဲက မျက်နှာသုတ်ပုဝါ တစ်ထည် ထုတ်ပေးလိုက်ပါတယ်။
“ရပါတယ်ကွာ .. ဘာမှ စိုတာမှ မဟုတ်တာ။”
“အကိုက မိုးခေါ်လာတာကိုး။”
YOU ARE READING
" နွဲ့ဆိုးဗိုလ် "
Teen Fictionရေးသားသူ - Min Lwin Myue Hein တစ်ခေတ်တစ်ခါက mlgbts website တွင် နာမည်ကြီးခဲ့သော အခန်းဆက်ဝတ္ထုရှည် ... ရေးသားသူ - မင်းလွင်မြူဟိန်း တစ်ခေတ်တစ်ခါက mlgbts website တွင် နာမည်ကြီးခဲ့သော အခန်းဆက်ဝတ္ထုရှည် ...
