အပိုင်း ၃၀

3.9K 37 0
                                        

( ၃၀ )

ကိုလင်းက ဗိုလ်ဗိုလ့်ကို San Mateo မြို့ သာမက .. အမေရိက အနာက်ဘက်ကမ်းမှာ နာမည်ကြီး San Francisco  မြို့ကြီးကိုပါ လိုက်ပို့ပါတယ်။ နာမည်ကျော် Golden Gate ကြိုးတံတားကြီးကို ရောက်တော့ .. တံတားအလယ်မှာ အိကျနေတဲ့ .. ဧရာမ Cable ကြိုးအလုံးကြီးကို .. ဗိုလ်ဗိုလ့် လက်နဲ့ ထိအောင် ကိုင်ခိုင်းပြီး .. ဓါတ်ပုံရိုက်ယူထားလိုက်တယ်။

အဲ့ဒိ Cable ကြိုးအလုံးကြီးကို .. လက်နဲ့ထိကိုင်လိုက်တဲ့ သူဟာ .. ဒီနေရာကို နောက်ထပ် တစ်ခေါက် ရောက်လာတတ်တယ်တဲ့။

ဗိုလ်ဗိုလ့်ကို Beach ခေါ်သွားပြီး .. လွတ်လွတ်လပ်လပ် လျှောက်ကြည့်လေတဲ့။ သူကတော့ သူ့ ကို စောင့်နေကြတဲ့ .. သူ့ သူငယ်ချင်း အဖြူကောင်တွေနဲ့ Beach volleyball သွားကစားနေတယ်။

နည်းနည်းမှောင်ရီပျိုးလာတော့ .. ပင်လယ်ထဲမှာ Sunset ကို မြင်ရပြီ။ San Francisco က အမေရိက ရဲ ့ အနောက်ဘက် ကမ်းခြေဆိုတော့ .. ဒေါင်းဖလ်ဝါ နေလုံးကြီး .. သမုဒ္ဒရာထဲ ငုတ်လျှိုး ဝင်ပျောက်သွားတဲ့ Sunset ကို .. လှလှပပ စောင့်ကြည့်လို့ ရတယ်။

အတော်လေးကြာသွားတော့ .. ဗိုလ်ဗိုလ် ထိုင်နေတဲ့ နေရာကို .. ကိုလင်း ရောက်လာတယ်။ ချွေးသံရွှဲရွှဲနဲ့ နည်းနည်းမော လာတယ်။ သူ့ သူငယ်ချင်းတွေနဲ့ တစ်ခုခု သောက်လာတယ်တဲ့။  သူ့ သူငယ်ချင်း တချို့က .. ဗိုလ်ဗိုလ့်ကို ကြည့်ကွက်ကြည့်ကွက် လှမ်းကြည့်နေကြသေးတယ်။

ကိုလင်းက .. ဗိုလ်ဗိုလ် ဘယ်ကို သွားချင်သေးလဲ .. ဘာလုပ်ချင်သေးလဲတဲ့။ San Mateo ကို ကားပြန်မောင်းရဦးမှာ .. မသွားခင် .. ဘာတွေ ကြည့်ချင်သေးလဲတဲ့။ ဘာ စားချင်သေးလဲတဲ့။

“ ဒီမှာက အားလုံး Gay တွေချည်းပဲ။ ပုလိပ်လည်း Gay .. မီးသတ်လည်း Gay .. အားကစားသမားတွေ လည်း Gay ပဲ ..”

အောင်မယ်လေးဗျာ .. Gay မြို့တော်ကြီးပါလား။

အမေရိက မှာ San Francisco .. Australia မှာ Sydney .. Asia ဘက်မှာဆိုရင်တော့ Bangkok နဲ့ Manila မှာ Gay ပေါတယ်ဆိုပဲ။

“ Gay Bar တွေ မင်း သွားကြည့်မလား .. ကို လိုက်ပို့မယ်လေ။”

ဟင့်အင်း .. ဟင့်အင်း .. သား သား သိပ်ကြောက်။ သား သား သွားရဲဘူး။

" နွဲ့ဆိုးဗိုလ် "Where stories live. Discover now