( ၂၀ )
ကိုလင်းသွားပြီး တစ်ပါတ်လောက်ဆိုရင်ပဲ .. ကိုလင်း ဆီက စာရောက်လာပါတယ်။
စာကို ဗိုလ်ဗိုလ် ဖြေးဖြေးချင်း ဖွင့်ဖောက်လိုက်ပါတယ်။ ကိုလင်းက သူ့ဂတိ အတိုင်း စာခေါက်လေးထဲမှာ .. သူ့ရဲ့ လမွှေးမျှင် တစ်ချောင်း .. ထည့်ပေးလိုက်ပါတယ်။
သူ ဟောင်ကောင် ကို ရောက်နေကြောင်း .. အမျိုးတွေက ခေါ်ထားလို့ အမေရိကန်ကို ချက်ချင်း ခရီးမဆက်ရသေးကြောင်း .. ရောက်ရောက်ချင်း ရေချိုးခန်းထဲက ရေချိုးကန် Bath tub မှာ ရေစိမ်ချိုးနေရင်း .. ချစ်လေးကို သတိရလို့ ဂွင်းထုလိုက်ရကြောင်း .. .. စာအိပ်ထဲမှာ ထည့်ပေးလိုက်တဲ့ အချစ်သက်သေ အလွမ်းသက်သေ အမွှေးလေးကို .. သေချာသိမ်းထားစေလိုကြောင်း .. ပြန်တွေ့ ကြတဲ့အခါ ဘယ်နှချောင်းရှိနေပြီလဲ ဆိုတာ .. ချစ်လေး နဲ့ ရည်ကြည့်မှာဖြစ်ကြောင်း ရေးထားပါတယ်။ စာကိုလည်း သူပြောတဲ့ အတိုင်း နံပါတ်စဉ် တပ်ထားပါတယ်။ အမှတ် (၁) ပေါ့။
နောက်တော့ .. ကိုလင်းတို့သားအမိတွေ အမေရိကန်နိုင်ငံကို ဆိုက်ရောက်သွားကြပါတယ်။ အာရှသားတွေ အများဆုံး စုဝေးရာ California မှာပဲ နေထိုင်ကြပါတယ်။
ကိုလင်းက ရောက်တာနဲ့ သူ့အစ်ကို အရင်းရဲ့အကူအညီနဲ့ရရာအလုပ်ဝင်လုပ်ပါတယ်။ Snack Bar မှာ အကြော်ဆရာ လုပ်တယ် .. Chinese Goumet မှာ ထမင်း ဟင်းထည့်ပေးတယ် .. Italian Brick Oven မှာ Waiter လည်း လုပ်လိုက်သေးတာပဲ။
ဆိုင်မှာ လာစားတဲ့ ဘဲတစ်ဗွေက .. သူ့ကို ချောကြောင်း .. လုပ်ခ ဘယ်လောက်ရလဲလို့မေးလို့.. သူ လန့်နေရကြောင်း .. စာထဲမှာ ရေးထားတော့ .. ဗိုလ်ဗိုလ် တောက်ခေါက်လိုက်ရသေး .. ..
ဟင်း .. ငါ ရောက်တော့မှ .. အဲ့ ဘဲကို ရိုက်ပစ်လိုက်ဦးမယ် .. ဒုတ်နဲ့ .. .. ..
ဗိုလ်ဗိုလ့်အတွက်တဲ့ .. ချော့ကလက်ဗူးတွေ .. T shirt တွေ .. ဘောင်းဘီတိုလေးတွေ .. ဘိနပ်တွေ .. အိပ်ဆောင် Radio Cassette Recorder က အစ .. ပိုက်ဆံအကုန်ခံပြီး .. Parcel နဲ့ပို့ပေး ရှာပါတယ်။
ရန်ကုန်စာတိုက်ကြီးမှာ .. Custom က ထုတ်ပေးလို့.. ဗိုလ်ဗိုလ် ရတာလည်းရှိ .. မရတာလည်းရှိတယ်ပေါ့။ ပေးကားပေး၏ .. မရ ပေါ့။ ပို့တဲ့သူက ပို့တာတောင် .. ခိုးတဲ့ နှိုက်တဲ့သူက ကြားက ဖြတ်ယူပြီးမှ .. ကာယကံရှင်က သုံးဆောင်ရတာပါ။
YOU ARE READING
" နွဲ့ဆိုးဗိုလ် "
Teen Fictionရေးသားသူ - Min Lwin Myue Hein တစ်ခေတ်တစ်ခါက mlgbts website တွင် နာမည်ကြီးခဲ့သော အခန်းဆက်ဝတ္ထုရှည် ... ရေးသားသူ - မင်းလွင်မြူဟိန်း တစ်ခေတ်တစ်ခါက mlgbts website တွင် နာမည်ကြီးခဲ့သော အခန်းဆက်ဝတ္ထုရှည် ...
