( ၁၂ )
ကိုလင်းရဲ့ သဝန်တိုတဲ့ တားမြစ်ချက်တွေကြောင့် .. ဗိုလ်ဗိုလ် အနေအထိုင် ကျပ်လာခဲ့ပါတယ်။ ကျူရှင်တွေ အားလုံးရဲ့ အချိန်စာရင်းတွေကို .. ကိုလင်းကို ပေးထားရပါတယ်။
မိဘအိမ်ဆိုတာ ညည ဗိုလ်ဗိုလ် ပြန်အိပ်ဘို့ပါပဲ။ ကျန်တာ ကိုလင်း အိမ်ကို ပြောင်းရွှေ ့ လာရသလိုပါ။
ဗိုလ်ဗိုလ့်အတွက် ဘီရို .. ဗိုလ်ဗိုလ့်အတွက် စာကြည့်စားပွဲ .. ဗိုလ်ဗိုလ့်အတွက် စာအုပ်စင် .. အားလုံး .. ကိုလင်း အခန်းထဲမှာ လုပ်ထားပြီးပါပြီ။ ဗိုလ်ဗိုလ့်အတွက် ကုတင် ဆိုတာတော့ လုပ်ပေး မထားဘူးလေ။ သူ နဲ့ပဲ အိပ်ရမယ်တဲ့။
ဗိုလ်ဗိုလ် ကလည်း သူများအိမ်မှာ ညအိပ်လို့ မရပါဘူး။ မွေးကတည်းက ရန်ကုန်မှာဆိုရင် ဘယ်သူ့ အိမ်မှာမှ ညမအိပ်စဘူး။ ခရီးသွားတဲ့အခါက လွဲရင်ပေါ့။ တပါးသူ အိမ်မှာ ဗိုလ်ဗိုလ် မအိပ်ဘူးပါ။ ဗိုလ်ဗိုလ့် ဆီမှာပဲ သူငယ်ချင်း အချို ့ လာအိပ်ကြတာပဲရှိပါတယ်။ ဥပမာ .. သီဟန် ပေါ့။
အထူးသဖြင့် English speaking class သွားတက်ရတော့မယ့်နေ့ ဆိုရင် .. ဗိုလ်ဗိုလ် စိတ်ညစ်ရပြီပေါ့။ ဒါတောင် တစ်ပါတ်မှ ၂ရက်တည်းပေမို့သာပဲ။ နေ့တိုင်းနီးပါး ဆိုလို့ကတော့ ကိုလင်းက ဗိုလ်ဗိုလ့် ကို ကျူရှင် ပြောင်းပစ်မှာပါ။
Speaking ကျူရှင် အသွားကတော့ လွတ်လပ်တယ်။ ပေါ့ပါးတယ်။ ချစ်သူငယ်ချင်း သီဟန် နဲ့ တွေ့ရမှာကိုး။ အတူတူ ထိုင်ပြီး စာသင်ရမှာကိုး။ ပျော်တာပေါ့နော။
ဒါလည်းပဲ တစ်နာရီ .. တစ်နာရီခွဲလောက်ပဲ.. ခံတာပါ။ ကျူရှင်လွှတ်တာနဲ့ ကိုလင်းက အပြင်မှာ လာစောင့်နေပြီလေ။ ထွက်လာပြီ ဆိုတာနဲ့ .. သီဟန့် ကို ထားခဲ့ပြီး .. ဗိုလ်ဗိုလ် .. ကိုလင်း နောက်ကို လိုက်သွားရပြီ။ ဗိုလ်ဗိုလ့် အိမ်ကိုလည်း သီဟန် လိုက်မလည်နဲ့တော့။ ဗိုလ်ဗိုလ့်ကို ကိုလင်းက သူ့ အိမ် ပင့်သွားပြီပဲ။
ဗိုလ်ဗိုလ် .. သီဟန့် ကို ဒီတစ်ခါ ပေးတဲ့ ဆင်ခြေက .. ငါ့အကို သူငယ်ချင်းဆီမှာ ဂစ်တာတီး သင်မလို့တဲ့။
ဗိုလ်ဗိုလ် .. ချစ်သူငယ်ချင်းကို မညာရက်ပါ။ ကိုလင်းကို ဂစ်တာအတီး သင်ပေးဘို့ ပူဆာတော့ ကိုလင်းက ဗူးသီး ဟော်လို ဂစ်တာလေး တစ်လက် ဝယ်ပေးပါတယ်။ ပထမတော့ ဗိုလ်ဗိုလ်က ကိုလင်းလို စန္ဒယားတီးတတ်ချင်တာပါ။ စန္ဒယား ဆိုတာက ခလေးအရွယ်လောက် ကတည်းက စသင်ရတာ .. ကြီးမှ သင်ယူရင် တစ်ပုဒ်ကောင်း နှစ်ပုဒ်ကောင်းလောက်ပဲ အလွတ်ရမှာပဲ ဆိုပြီး ဗိုလ်ဗိုလ့်ကို ဂစ်တာအတီးသင်ပေးမလို့ .. ကိုလင်းက ဂစ်တာ တစ်လက် ဝယ်ပေးတာပါ။
ESTÁS LEYENDO
" နွဲ့ဆိုးဗိုလ် "
Novela Juvenilရေးသားသူ - Min Lwin Myue Hein တစ်ခေတ်တစ်ခါက mlgbts website တွင် နာမည်ကြီးခဲ့သော အခန်းဆက်ဝတ္ထုရှည် ... ရေးသားသူ - မင်းလွင်မြူဟိန်း တစ်ခေတ်တစ်ခါက mlgbts website တွင် နာမည်ကြီးခဲ့သော အခန်းဆက်ဝတ္ထုရှည် ...
