( ၁၆ )
တစ်ယောက်ကို တစ်ယောက် ချစ်သဲတုံအောင် ချစ်နေကြတုန်း .. လျှာနဲ့သွားလို တခါတလေ ကိုက်မိတာလေးတွေလည်း ရှိတတ်ကျစမြဲပါ။
ဗိုလ်ဗိုလ့် ဘက်က ချစ်သူငယ်ချင်း သီဟန်ကို စွန့်လွှတ် ပေးထားခဲ့ရတာဆိုတော့ .. တခါတလေ ကိုလင်း မှားမိတာလေးတွေကို ဗိုလ်ဗိုလ့်ရဲ့ မသိစိတ်က လွန်လွန်ကျူးကျူး အပြစ်ပေးပစ်လိုက်တာမျိုးတွေ ရှိလာခဲ့ပါတယ်။
ကိုလင်းတို့ အသင်းတော်က ပုသိမ်ဘက်ကို နွေရာသီ Camp ထွက်တော့ ဗိုလ်ဗိုလ်က လိုက်ချင်တယ်။ ကိုယ့်ရိုးရာ နှစ်သစ်ကူး သင်္ကြန်ပွဲကလည်း လာပြီး တိုက်ဆိုင်နေတယ်။
အမှန်တော့ ကိုလင်းတို့ အသင်းတော်က အတာသင်္ကြန်ပွဲမှာ တစ်နိုင်ငံလုံး ရုံးတွေပိတ် .. အလုပ်တွေနားနေချိန်မို့ .. တမင်ရွေးပြီး .. ပုသိမ်နယ်ဘက်က ဘာသာဝင်တွေနဲ့ ပူးပေါင်းလို့ .. အားသစ်လောင်းသင်တန်း (Retreat) သဘောမျိုး လုပ်ကြမယ် ဆိုပြီး .. ပုသိမ်ကို ထွက်သွားကြတာပါ။ ဒါကို ဗိုလ်ဗိုလ်က မဆီမဆိုင် နောက်က လိုက်တာပါ။
မေမေကလည်း တား .. .. သီဟန်ကလည်း ရေပက်ခံ ကားတစ်စီးနဲ့ ဗိုလ်ဗိုလ်တို့ ခြံရှေ့ကနေ .. ဗိုလ်ဗိုလ်ရေ .. ဗိုလ်ဗိုလ်ရေ .. ဆိုပြီး လာခေါ်တာကိုတောင် လစ်လျူရှုပြီး ပုသိမ်ကို လိုက်သွားတာပါ။
ဗိုလ်ဗိုလ်က ရရာကားနဲ့ စီးသွားလိုက်တာ .. .. လမ်းမှာ ၃ခါလောက် အဆင့်ဆင့် ကားပြောင်းစီးလိုက်ရသေးတယ်။ ပုသိမ်ကို ဝင်တော့ မှောင်နေပြီ။ တစ်ကိုယ်လုံးလည်း ရေပက်ခံထားရလို့ စိုတိုတို ဖြစ်နေပြီ။ လဲစရာ အဝတ်ကလည်း လုံး၀ ပါမလာခဲ့။ ရန်ကုန်မှာ ရေကစားနေရင်းက .. ကိုလင်းဆီ လိုက်မယ် ဆိုပြီး ထွက်လာခဲ့တာ .. ပိုက်ဆံကလွဲလို့ ဘာဆို ဘာမှ မပါ။ ဟိုရောက်ရင် ကိုလင်းက ကျွေးမှာပဲလေ။
ပုသိမ်မြို့ထဲရောက်တော့ .. ကိုယ်မရောက်ဘူးတဲ့ မြို့တစ်မြို့မှာ အားအကိုးရဆုံး ဖြစ်တဲ့ ဆိုက်ကားဆရာကို .. ကိုလင်းတို့ တည်းခိုတဲ့ ပုသိမ်မြို့က အသင်းတော် နာမည်ပြောပြပြီး ဆိုက်ကားဆရာ ခေါ်ရာလမ်းအတိုင်း .. ဗိုလ်ဗိုလ် လိုက်လာခဲ့ပါတယ်။
YOU ARE READING
" နွဲ့ဆိုးဗိုလ် "
Teen Fictionရေးသားသူ - Min Lwin Myue Hein တစ်ခေတ်တစ်ခါက mlgbts website တွင် နာမည်ကြီးခဲ့သော အခန်းဆက်ဝတ္ထုရှည် ... ရေးသားသူ - မင်းလွင်မြူဟိန်း တစ်ခေတ်တစ်ခါက mlgbts website တွင် နာမည်ကြီးခဲ့သော အခန်းဆက်ဝတ္ထုရှည် ...
