အပိုင်း ၁၄

3.5K 46 0
                                    

( ၁၄ )

အိမ်ကို ကားမီးထိုးလိုက်တာကြောင့် ကိုလင်းရော ဗိုလ်ဗိုလ် ပါ ဘောင်းဘီတွေကို ကမန်းကတန်း ကောက်ကာငင်ကာ ပြန်ဝတ်လိုက်ကြရပါတယ်။ အိမ်အပြင်ကို ကမန်းကတန်း ပြေးထွက်သွားကြရာမှာတော့ ဗိုလ်ဗိုလ့် ဖေဖေနဲ့မေမေတို့ ပြန်လာကြတာပါ။

“ဟင် .. ဖေဖေတို့ ပြန်လာတာ မြန်လှချည်လား။”

“ဒီမှာဟေး .. .. မင်းအမေကြီး .. အလှုမှာ ထိုင်နေရင်း ကိုယ်တွေပူလာလို့ ဖေဖေ့ ညွန်ချုပ်ကို ပြောပြီး ပြန်လာကြတာ။”

“ရပါတယ် သားလေးရယ် .. မေမေ ဘာမှ မဖြစ်ပါဘူး၊ အလှုအတွက် ညက ဆနွင်းမကင်း ကျိုတာ ညဉ့်နက်သွားလို့ပါ။ ပါရာစီတမောလ် တစ်လုံးလောက် သောက်လိုက်ရင် ရပါပြီ။ ခေါင်းတွေ ဘာတွေ မမူးပါဘူး။ ခနလှဲလိုက်ရင် ပျောက်ပါပြီ။ သားတို့ ပြန်လာတာ စောသားပဲ။ ကဲ .. အဖေကြီး အလှုကို ပြန်သွားလိုက်လေ .. အငယ်လေး ရှိနေပြီပဲ။ ညွှန်ချုပ်ကြီးကို အားနာဘို့ ကောင်းပါတယ် .. ရုံးက လူတွေ လာကြတော့မှာ မှလား။”

ပြောပြောဆိုဆို မေမေ အိပ်ခန်းထဲ ဝင်သွားပါတယ်။

“ဖေဖေ .. သား .. ကိုလင်းကို ကားဂိတ် လိုက်ပို့ရင်း အီကြာကွေး ဝယ်လိုက်ဦးမယ်။ သားတို့ လ္ဘက်ရည်ဆိုင် မထိုင်တော့ဘူး။ ချက်ချင်း ပြန်လာခဲ့ပါ့မယ်။”

“အေး အေး .. သွား သွား .. သားလေး။”

ဗိုလ်ဗိုလ် တို့ လ္ဘက်ရည်ဆိုင် မထိုင်ဖြစ်တော့ပါ။ အဖေက အလှုအိမ်ပြန်သွားရမယ်တဲ့။ ကိုလင်းကို လိုင်းကားပေါ်တင်ပြီးတာနဲ့ ဗိုလ်ဗိုလ် စားချင်တဲ့ အီကြာကွေး ဝယ်ပြီး အိမ်ကို အပြေးပြန်လာခဲ့ ပါတယ်။

“ဟိတ်ကောင် .. လာစမ်း။”

ဗိုလ်ဗိုလ် အိမ်ခန်းထဲ အဝင် ဧည့်ခန်းထဲမှာ ထိုင်စောင့်နေတဲ့ အဖေက ထလာပြီး ဗိုလ်ဗိုလ့်ကို လှမ်းခေါ်လိုက်တာပါ။

ဗိုလ်ဗိုလ် အဖေ့ဘက် လှည့်အကြည့် .. .. ခွပ်ခနဲ ဗိုလ်ဗိုလ့် မျက်နှာ တစ်ချက် အထိုးခံလိုက်ရပါတယ်။

ဗိုလ်ဗိုလ့် နှာခေါင်းရိုးနဲ့ဘယ်ဘက်ပါးမို့မို့မှာ ပူကနဲ ခံစားလိုက်ရပါတယ်။

ဗိုလ်ဗိုလ် မွှန်သွားပါတယ်။ လူက အားကစားသမားမို့ .. အဖေ ထိုးလိုက်တာကို ဗိုလ်ဗိုလ် ယိုင်တော့ လဲမသွား။

လက်ထဲက ကိုင်လာတဲ့ အီကြာကွေး အထုပ်လေးကတော့ ကြမ်းပြင်ပေါ် လွတ်ကျသွားလေရဲ့။

“ခွေးလိုကောင် .. ခွေးလို နေချင်တဲ့ကောင် .. လူလို မနေချင်တဲ့ အကောင်။ ထမင်းစားခန်းထဲက ကြမ်းပြင်ပေါ်မှာ ဘာတွေလဲ .. ဟိတ်ကောင်။”

သွားပြီ .. .. ဗိုလ်ဗိုလ့် ခေါင်းကို မိုးကြိုးပစ်ချလိုက်တာပဲ။ အဖေ တွေ့သွားပြီ။

ဗိုလ်ဗိုလ် .. ကြမ်းပြင်ကို မသုတ်လိုက်ရ။

အဖေ့ အော်သံကြောင့် အိပ်ခန်းထဲက အမေပါ ပြေးထွက်လာပါတယ်။

“အမေကြီး။ .. မင်းကောင် အငယ်ကောင် .. ဟိုကောင် လင်းလင်း ဆိုတဲ့ အကောင်နဲ့ ယောက်ျားချင်း ညားနေကြတယ်။”

“ရှင် ..”

“ငါ့ အိမ်ပေါ်တက်ပြီး စော်ကားတဲ့ အကောင်။ .. .. .. .. .. အမေကြီး .. နောက်ဖေးခန်းထဲကို ဝင်မသွားနဲ့။”

ဗိုလ်ဗိုလ် အထိုးခံလိုက်ရတဲ့ နေရာမှာပဲ တောင့်တောင့်ကြီး ရပ်နေပါတယ်။ ခေါင်းကိုတော့ ငုံ့ ထားပါတယ်။ နှာခေါင်းပေါက်ဝက ယားကျိကျိဖြစ်လာပြီးနောက် .. ဗိုလ်ဗိုလ့် အပေါ်နှုတ်ခမ်းပေါ်ကို ဘယ်ဘက်နှာခေါင်းက သွေးနည်းနည်း စီးကျလာပါတယ်။

ဗိုလ်ဗိုလ့် ညာဘက် လက်ညှိုးနဲ့.. နှာခေါင်းကို ဆွဲသပ်လိုက်ရာမှာတော့ .. လက်ညှိုးပေါ်မှာ သွေးတွေ .. သွေးတွေ ..

အဖေက ဒါကို မြင်လိုက်ပါတယ်။

ဗိုလ်ဗိုလ့် ပါးပြင်နှစ်ဘက်စလုံးပေါ်မှာ မျက်ရည်တွေပါ စီးကျလာပါတော့တယ်။

အဖေ ဟာလေ နောက်ဆုံး အရေးယူခြင်းပါ။

သူ့သားငယ်ရဲ့ နှာခေါင်းက သွေးတွေ စီးကျလာတာ တွေ့လိုက်ရတော့ စိတ်မကောင်းဖြစ်သွားပြီး .. .. အဲ့ဒီနေ့က စလို့ ဗိုလ်ဗိုလ့် ရဲ့ နှလုံးသားရေးသာမက .. ပေါင်းသင်းဆက်ဆံရေးမှာပါ ဘာမှ .. ဘာမှ .. ဝင်မပါတော့ပါ။

သူ့သား နတ်ကတော် ဖြစ်သွားဦးတော့ .. .. သူ့အိမ်မှာ လာမကရင် ပြီးရောတဲ့။

" နွဲ့ဆိုးဗိုလ် "Opowieści tętniące życiem. Odkryj je teraz